Condolences နာရေးသတင်း

• ခုတလော တိုက်ပွဲမှာကျဆုံးတဲ့ တပ်မတော်သားတွေအတွက် ဖေ့စ်ဘွတ်မှာ အထူးတလည်ဖေါ်ပြနေကြတယ်။ စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။
• ၁၉၈၈ တုံးက သားပျောက်၊ သမီးပျောက် မိခင်ဖခင်တွေ အရေအတွက် များတယ်။ သတင်းစာထဲထည့်မရဘူး။ ဆွမ်းသွပ်တာတောင်မှ တိတ်တိတ်လေးသာ လုပ်ခဲ့ကြရတယ်။ အသုဘလိုက်ပို့ရတာလည်း ထောင်နှုပ်ခမ်း လျှောက်ရသလိုပဲ။
• ၁၉၉ဝ နောက်ပိုင်းမှာ ပြည်သူကရွေးကောက်ခဲ့တဲ့အမတ်ကို ထောင်ထဲမှာ ကွယ်လွန်ရတာ ကင်ဆာလို့ အပြောခံရတယ်။
• ဒီမိုကရေစီရေးအတွက် ပြည်ပထွက်လှုပ်ရှားကြရတုံးမှာလည်း သားသေတာ အမေမလာနိုင်သူတွေ၊ အမေသေလို့ သားမသွားနိုင်သူတွေ မနည်းခဲ့ပါ။
• မြန်မာပြည်မှာ စစ်ရေးတိုက်ပွဲနာရေးသတင်း၊ ဒီမိုကရေစီရေးနာရေးသတင်းဆိုတာ တိုင်းပြည်ရဲ့ နာရေးသတင်းတွေ ဖြစ်ပါတယ်။
• ဒို့နာရေးကမှ ပိုနာတယ်လို့ မပြိုင်သင့်ကြပါ။
• ကင်ဆာကျဆုံးပါစေ။     ။

ဒေါက်တာတင့်ဆွေ
၁၂-၂-ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး