Today ကနေ့ဘာတွေ ရေးဖြစ်သလည်း

Today ကနေ့ဘာတွေ ရေးဖြစ်သလည်း

၁။ မြန်မာစာ = Grammar and Spelling မြန်မာစာ သဒ္ဒါနဲ့ သတ်ပုံ
၂။ သတင်း = Kokang ကိုးကန့်သတင်း အဆက် (၂)
၃။ လွမ်းစရာ= Yearning ခါးသက်သက်အလွမ်း
၎။ သတိရစရာ = Hakha ဟားခါး
၅။ သုတ = Tradition ပုန်းမကြည်နေ့
၆။ လွမ်းစရာ = Native land ပျော်ရာမှာမနေရ
၇။ သတင်း = Frontier ပညာရေးဟာ ရှေ့တန်းစစ်မျက်နှာ
၈။ ကျန်းမာရေး = Family spacing သားသမီးတယောက်နဲ့တယောက် ဘယ်လောက်ခြာသင့်သလည်း

လွမ်းစရာက နှစ်ခုဖြစ်နေလို့ ရီစရာလေးဖြည့်ပါရစေ။

ဆရာမယောက်က သူငယ်တုံးက ဘွဲ့ရစဉ်ကပုံတင်တယ်။ ကျွန်တော်က ဟာ ဆရာမ ဘွဲရပြီလားလို့ ရေးလိုက်တယ်။ ဆရာတို့ဘွဲရတဲ့ဓါတ်ပုံကို အန်တီအိမ်မှာ အရင်ဆုံးမြင်ဘူးတာတဲ့။ ဒါနဲ့ ဆရာလည်း ဓါတ်ပုံဆိုင်ကဝတ်စုံငှားရိုက်ခဲ့တာ။ MBBS ဝတ်စုံဟုတ်လား မဟုတ်လား သိတာမဟုတ်ဘူးလို့ ပြန်ရေးလိုက်ပါတယ်။

ကနေ့ ချင်းအမျိုးသားနေ့မှာ တက်ရောက်သူတွေကို ဧည့်ခံကျွေးမွေးနေတဲ့ပုံကို တင်တဲ့သူက ဟာသဥာဏ်နဲ့ ကလေးတွေ ဗိုက်ဆာမှာစိုးလို့ ဂရုတစိုက်ကျွေးသော ဆရာမများလို့ရေးပါတယ်။ အဲဒီကလေးမြို့မှာ ချင်းလူမျိုးတွေ အတော်များများ နေထိုင်ကြတာသိပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲတုံးကပေါ့ဗျာ။ တိုင်းရင်းသားနယ်တခုမှာ (ချင်းမဟုတ်ပါ) ကြားဘူးတယ်။ ပွဲကြီးလမ်းကြီးတခုမှာ ထမင်းလည်း ကျွေးတယ်။ ထမင်းကျွေးချိန်မှာ အသံချဲ့စက်နဲ့အော်ပါတယ်။ လူကြီးမင်းများခင်ဗျား ထမင်းသုံးဆောငိဘို့ကြွကြပါ။ ထမင်းတွေလုံလောက်အောင် ချက်ပြုတ်ထားပါသဖြင့် ထမင်းတွေကို မလုကြဘို့ တောင်းပန်ပါတယ်တဲ့။

ပိုဆိုးတာ ဆက်လာပါတယ်။ ပရိသတ်များခင်ဗျား လူကြီးမင်းများ ထမင်းသုံးဆောင်တော့မှာဖြစ်တဲ့အတွက် ကလေးအမေတွေ ကလေးတွေကို့ မပါအောင် သတိထားကြပါခင်ဗျားတဲ့။

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး