Counter protest Get link Facebook X Pinterest Email Other Apps - February 26, 2015 ဒို့အရေး ဒို့အရေး၂၇ ၂ ၂ဝ၁၅ (တံတားဦး)Innwa Gonyi Tint Swe အသွားငုံ့ငုံ့၊ အပြန်ငေါ့ငေါ့။R ဒေါက်တာတင့်ဆွေ၂၆-၂-၂ဝ၁၅ Get link Facebook X Pinterest Email Other Apps Comments
Menoral ဟော်မုန်းဆေးတမျိုး - July 02, 2019 ၁။ မင်္ဂလာပါဆရာရှင့် အသက်က 25 အိမ်ထောင်မရှိ အပျိုပါရှင့် ရာသီမလာတာ နှစ်လလောက်ရှိလို့ ဆေးခန်းသွားပြတာ menoral တနေ့နှစ်လုံးနဲ့ ၂၁ ရက်သောက်ခိုင်းပါတယ်ရှင့်သူ့ရဲ့အကျိုးသက်ရောက်ပုံလေးဖြေပေးပါဆရာရှင့် ၂။ မင်္ဂလာပါဆရာ Menoral (Norethisterone Tablet Bp) ဆိုတဲ့ဆေးကို တားဆေးအဖြစ်သုံးလို့ ရပါလားရှင့်။ အဲ့ဒီဆေး အကြောင်းလေး ဆရာအချိန်ရရင် ရှင်းပြစေလိုပါတယ်။ ၃။ အသက် ၂၂ အမျိုးသမီးပါ အိမ်ထောင်မရှိ။ ရာသီခဏခဏလာလို့ OG ဆီသွားပြပါတယ်။ menoral နာမည်နဲ့ဆေးကို တနေ့သုံးလုံးတိုက်ပါတယ်။ (၁) ထိုဆေးကို တားဆေးအဖြစ်သုံးနိုင်ပါသလား။ (၂) ထိုဆေးနှင့်အတူ အရေးပေါ်တားဆေး ecc2 အားသောက်နိုင်ပါသလား။ Menoral (Norethisterone) 5mg Tablets စားဆေးဟာ Progesterone ပရိုဂျက်စတီရုန်းဟော်မုန်းဆေးဖြစ်တယ်။ ရာသီမမှန်သူ၊ ရာသီလာစဉ်နာသူ၊ ရာသီများသူ၊ အင်ဒိုမီထရီယိုးဆစ်ရောဂါရှိသူတွေကို ပေးတယ်။ ဆေးအဆများတာကို ရင်သားကင်ဆာတချို့ကိုပေးတယ်။ ရာသီများသူကို 5 mg တနေ့ ၃ ကြိမ်၊ ၁ဝ ရက်။ နောက်မှာ ၁၉-၂၆ ရက်တွေ 5 mg တနေ့ ၂ ကြိမ်။ ရာသီမလာစေအာင် ရာသီလာရမယ့်ရက်ထက် ၃ ရက်စောပြီး 5 mg တနေ့ ၃ ကြိမ်၊ ၃ ရက်။ ရင်သားကင်ဆာအတွက် 40 mg နေ့စဉ်ကနေ 60 mg အထိတိုးပေးတယ်... Read more
ပုတ် နှင့် ပုပ် - September 08, 2017 ၁။ အိပ်ပုပ်ကြီးတာ အိပ်ပုတ်ကြီးတာ ဘယ်ဟာအမှန်လဲဆရာ သူငယ်ချင်းတဦးနဲ့ငြင်းနေရလို့ပါဆရာ ၂။ ဆရာမင်္ဂလာပါ။ အိပ်ပုပ်လို့ရေးရတာလား၊ အိပ်ပုတ်လို့ရေးရတာလားဆရာ။ အိပ်ပုတ်က မှန်မလားမသိပါ။ ပုတ်လောက်ကြီးတဲ့သဘောလား မပြောတတ်ပါ။ အစားပုတ်တယ်လို့လည်း ပြောကြတယ်။ ပါးစပ်ပုပ်ဆိုရင်တော့ မယဉ်ကျေးတာတွေပြောတယ်လို့ဆိုလိုတယ်။ စိတ်ပုပ်ကလည်း စိတ်ထားညံ့တယ်လို့ပြောတာ။ အဲတာ သတ်ပုံစာအုပ်တွေမှာ မပါ။ စကားအဖြစ်သာပြောတာ။ ပုတ် စပါးပုတ် ပါဋလိပုတ်ပြည် ပုတ်ခတ်ပြောဆို ပုတ်တလုတ်ကန် ပုတ်ပြတ်ငှားရမ်း ပုတ်သင်ညို ရိုက်ပုတ်သည် လှိုင်းပုတ်သည် အိုးပုတ် ဆောက်ပုတ်လက်နက် (ထုရိုက်စရာ) ရေလှိုင်းပုတ် တင်းပုတ် ပုပ် ခင်ပုပ်ငှက် ဆူးပုပ်ရွက် ပုပ္ပါးတောင် ပုပ်စပ် ပုပ်ပွ ပုပ်အဲ့အဲ့ ပုပ်စော်နံ ဝက်ပုပ်ရွာ သစ်ပုပ်ပင် သစ်ပုပ်ရွာ အစိမ်းပုပ်ရောင် အပုပ်နံ့ မြွေငန်းပုပ် လငပုပ်ဖမ်း ပုဒ် ဇနပုဒ် နာမ်ပုဒ် ပုဒ်ထီးပုဒ်မ ပုဒ်ပါဇ်အကရာ သိက္ခာပုဒ် ပုသ် ဥပုသ်သီလ ဥပုသ်စောင့် ပုထ် ဣရိယာပုထ် ပုဂ် ပုဂ္ဂိုလ် ပုဂ္ဂလိက ပုဂ္ဂလဓိဋ္ဌာန် ပုစ် ပုစ္ဆာ ပုဗ် ပုဗ္ဗနိမိတ် ပုဗ္ဗကြယ် ဖုတ် ငါးပိဖုတ် ဆံပင်ဖုတ်သိုက် ဖုတ်ခနဲကျလာသည် ဖုတ်... Read more
Alinamin F ထိုးဆေး - January 06, 2017 ဆရာခင်ဗျာ ပုံပါဆေးကိုလေဖြတ်ကာကွယ်ဆေးအဖြစ် မြန်မာပြည်မှာထိုးပေးနေပါသည်။ အမေရိကန်ထုတ်ဟု ပြောရောင်းနေပါသည်။ မြန်မာငွေ ၁၂၀၀ သာရှိပါသည် အကျိုးအပြစ် ရှင်းပြပေးပါခင်ဗျား။ Alinamin-F ဆိုတာ Disulfide 50 mg နဲ့ Fursultiamine ထိုးဆေးဖြစ်တယ်။ Fursultiamine HCl တမျိုးတည်းပါတာနဲ့ riboflavin ပါတာ ၂ မျိုးရှိတယ်။ B1 ဗီတာမင် ဘီ-၁ နဲ့ B2 ဘီ-၂ နည်းသူတွေကိုပေးတယ်။ ဘီ-၂ ထဲက Alinamin-F သာပါတယ်။ beri-beri ဘယ်ရီဘယ်ရီရောဂါနဲ့ neuritis အဖျားအနားအာရုံကြောရောင်တာတွေကိုပေးတယ်။ ဗီတာမင်ဘီ-၁ နဲ့ ဘီ-၂ တွေ့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ ခါတိုင်းထက်ပိုလိုအပ်တယ်။ ဝမ်းလျှောသူ၊ အစာလမ်း အဆင်မပြေ ဖြစ်သူတွေကိုလည်း ပေးနိုင်တယ်။ လေဖြတ်တာကို မကာကွယ်ပါ။ ဆောရီး ဒေါက်တာတင့်ဆွေ ၆-၁-၂ဝ၁၇ Read more
Comments
Post a Comment