Yearning ခါးသက်သက်အလွမ်း

• လူကြုံမှာ ဘာမှာချင်သလည်း မေးကြသူတွေကမနည်းပါ၊
• စားချင်တဲ့တမာ ဒီမှာဝယ်ရတာ၊ အညာရွက်လို ခါးသက်သက်လေးပါ၊
• ဒါပေမဲ့ လေအသုတ်မှာ တဖြုတ်ဖြုတ်ကြွေနေတဲ့ လက်ပံပင် မြင်စားရတာမဟုတ်ပါ၊
• သာယာတဲ့ဥသြသံ နာခံရင်းစားရတာလည်းမဟုတ်ပါ၊
• တမာမှာလိုနေတာ ဝေါလ်မတ်မှာ ဝယ်မရပါ။

• ခရိုဂါမှာ ပဲစိမ်းစားဥက ဝယ်လို့ရလာ ဝမ်းသာလိုက်တာ၊
• မြန်မာပြည်ဆိုတာ အိပ်ယာဝင်ပုံပြင်လို့သာသိတဲ့ကလေးကျွေးတော့ ထွေးထုတ်ရရှာ၊
• သူ့ခင်မြာ မြေကြီးထဲဥတဲ့အစာနဲ့ အလာဂျီရှိလို့ပါ၊
• သည်လိုသာ အနေကြာသူတွေ မြန်မာအစာတွေကို အလာဂျီလိုဖြစ်ကြမှာ စိုးရိမ်လိုက်တာ။

• ပြည်ထဲမှာနေရသူတွေ ကိုယ့်အစာတွေကို အလာဂျီမရကြပါစေနဲ့၊
• ပြည်ထဲမှာနေရသူတွေ ကိုယ့်အစာတွေကို အစားမထိုးကြပါစေနဲ့၊
• ပြည်ထဲမှာနေရသူတွေ ကိုယ့်တိုင်းပြေကို အစာကျေကြပါစေ။     ။

မှတ်ချက်။ ဝေါလ်မတ်၊ ခရိုဂါ = ကုန်စုံဆိုင်အကြီးစားတွေ။

ဒေါက်တာတင့်ဆွေ
၁၂-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး