Kokang battle (2) ကိုးကန့် (အဆက်)

(ဂါမဏိ) ရေးတဲ့ဆောင်းပါးကို အတိုချုပ်ထာတာဖြစ်ပါတယ်။

• ဖုံကျားရှင်ဟာ ဘိန်းဘုရင်ဖြစ်တာ ဘယ်လိုမှမငြင်းနိုင်ပါ။ ဘိန်းလုပ်ငန်း လွတ်လွတ်လပ်လပ် လုပ်ချင်လို့ BCP ဗမာပြည် ကွန်မြူနစ်ပါတီကနေ ပုန်ကန်ခွဲထွက်ခဲ့တာဖြစ်တယ်။ (နဝတ) က အပစ်အခတ်ရပ်စဲရေးနာမယ်နဲ့ ဘိန်းလုပ်စေခဲ့တယ်။ ဒါပေမဲ့ ၂ဝဝ၈ အောက်မှာ ရာနှုန်းပြည့် လက်အောက်ခံလုပ်ဖို့အထိ ဖိအားပေးလာတော့ ဖုံကျားရှင်ကလက်မခံလို့ ၂ဝဝ၉ မှာ စစ်တပ်ကပြန်တိုက်ခဲ့တာဖြစ်တယ်။ ဖုံကျားရှင်ဟာ အာဏာလက်မဲ့၊ နယ်မြေလက်မဲ့၊ စီးပွားရေးလက်မဲ့ဖြစ်သွားတယ်။

• ဒါပေမဲ့ ဖုံကျားရှင်တပည့်တွေကတော့ BGF နယ်ခြားစောင့်တပ်ဆိုပြီး ဒူးထောက်လိုက်လို့ ကြံ့ဖွတ်ပါတီဝင် ဘိန်းဘုရင် အသစ်တွေဖြစ်လာတယ်။ တချို့ ညောင်နှစ်ပင်တက်ရတယ်။ တချို့လွှတ်တော်တက်ရတယ်။ ပိုင်စောက်ချဉ်၊ ဝေ့ချောက်ယင်၊ လူကိုးရှိ၊ ဟိုရှောက်ချန်း၊ ဝေဆန်းတို့ဟာ စစ်တပ်နဲ့ပေါင်းပြီး ပိုကြီးကျယ်တဲ့ မူးယစ်ဆေးအင်ပါယာကြီးကို ထူထောင်နိုင်ခဲ့ကြတယ်။ Ecstasy ဆေးပြားကိုပါ ထုတ်လိုက်နိုင်ပြီး စရဖ၊ လားဟူ BGF ၊ ကရင် BGF တို့နဲ့တွဲပြီး နိုင်ငံတကာကို ဖြန့်နိုင်ခဲ့တယ်။

• နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်၊ ကောင်ခါး၊ တာမိုးညဲ၊ မုံးစီး၊ မန်ပန်ပြည်သူ့စစ်တွေ၊ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ် ပြည်သူ့စစ်နဲ့ BGF တွေ၊ မိုင်းကိုင်၊ မိုင်းစစ်၊ နောင်တရား-ကျောက်တလုံး၊ ဟိုမိန်းပြည်သူ့စစ်တွေဟာ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ ခေါင်းဆောင်တွေနဲ့အတူ နောက်ဆုံးပေါ် ဘိန်းဘုရင်တွေဖြစ်လာကြတယ်။

• MNDAA + TNLA + FUA တွေကို တပ်မ ၃၃၊ စကခ ၁၆၊ စကခ ၁ နဲ့ ရမခ တိုင်းတပ တွေ (တပ်ရင်း ၂ဝ ကျော်) သုံးပြီး တိုက်နေရတယ်။ စစ်တပ်ဘက်က အကျအဆုံးများနေရတယ်။ ခမရ ၅၂၂ တပ်ပျက်သွားအောင်ခံလိုက်ရတဲ့ မော်ထိုက် ဖုံကျည်စန်းကုန်းကို လေကြောင်း ပစ်ကူနဲ့ ပေါင်းတိုက်တာတောင် မရသေးဘဲဖြစ်နေတယ်။ ခလရ ၄၂ နဲ့ ထပ်ထိုးတော့လဲ ထပ်ခံရပြန်တယ်။

• BGF နယ်ခြားစောင့်တပ်ရင်း အမှတ် ၁ဝဝ၆ ကစစ်သည် အများအပြားထွက်ပြေးသွားသလို တပ်ရင်းမှူးဗိုလ်မှူး အဆင့် ပေးထားတဲ့ ယန်ရှောက်ကျင်းက ကျန်တဲ့တပ်ရင်းတရင်းလုံးမပြီး MNDAA ကို ကူးပြောင်းသွားလိုက်တယ်။ BGF တပ်ပြေးတွေ ချန်ထားတဲ့သေနတ်တွေကို MNDAA နဲ့တိုက်ပြီးသိမ်းရတဲ့သေနတ်တွေအဖြစ်လိမ်ပြတယ်။ လူထုရဲ့ တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်ကို အသုံးချပြီး ကျောင်းသားအရေးကိုလဲ အာရုံလွှဲဖို့နဲ့ စစ်တပ်ကိုလဲ လူထုထောက်ခံမှုရဖို့ လုပ်နေတယ်။

• ဦးသိန်းစိန်ဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို သဘောတူတယ်၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို လိုချင်တယ်လို့ ပြောနေပေမဲ့ လက်တွေ့မှာ ငြိမ်းချမ်းရေး လုပ်ငန်းနဲ့ စစ်တပ်အပေါ် ဘာမှသြဇာမသက်ရောက်နိုင်ဘူး။ အမျိုးသားထောက်လှမ်းရေးအဖွဲ့ NIB ကို ပြန်အသက်သွင်းမယ့် သမတလက်အောက်ခံ လုံခြုံရေးနှင့်သတင်းဌာန OSI တည်ထောင်ဖို့အတွက် SB နဲ့ စသုံးလုံး BSI ကို သမတရုံးလွှဲပေးဖို့ ညွှန်ကြားခဲ့တာကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုက အရေးမလုပ်ဘူး။

• ဒါတွေကိုကြည့်ရင် သမတရဲ့ အပေါ်ယံဟန်ပြ နိုင်ငံရေး-ငြိမ်းချမ်းရေးလိုင်းလဲ အလုပ်မဖြစ်၊ ကာချုပ်ရဲ့ အပြုတ်တိုက်ရေး စစ်ရေးလိုင်းလဲ အလုပ်မဖြစ်လို့ စစ်အုပ်စုဟာ ဘေးကြပ်နံကြပ်ဖြစ်နေတာ တွေ့နေရပါတယ်။     ။

ကျွန်တော့် သုံးသပ်ချက် -
၁။ သတင်းကို ဒေါင့်တခုတည်းကသာမကပါ စုံစေ့အောင်လေ့လာပါတယ်။
၂။ ဘိန်းနဲ့ စိတ်ကြွဆေးတွေဟာ လူကိုဖျက်ဆီးလို့ ကျန်းမာရေးအရ ဆန့်ကျင်ပါတယ်။
၃။ ဘိန်းလုပ်ငန်းကရတဲ့ငွေနဲ့ စစ်တပ်ထူထောင်ပြီး နိုင်ငံရေးလုပ်တာ မထောက်ခံပါ။
၎။ ဘိန်းဘုရင်တွေပါတဲ့နိုင်ငံရေးပါတီကို ကန့်ကွက်တယ်။ အရေးမယူတဲ့ ရွေးကောက်ပွဲကော်မရှင် ထွက်ပေးပါ။
၅။ ဘိန်းလုပ်ငန်းကနေရတဲ့ငွေမဲတွေကို ငွေဖြူလုပ်ပေးတဲ့အစိုးရဟာ တိုင်းပြည်ကိုရောင်းစားတာဖြစ်တယ်။
၆။ အပစ်ရပ်ရေးတို့၊ ငြိမ်းချမ်းရေးတို့ နာမည်ကောင်းဟစ်ပြီး ဘိန်းလုပ်ငန်းလုပ်ခွင့်ပြုတာဟာ တိုင်းပြည်ကို သစ္စာဖေါက်တာ ဖြစ်တယ်။
၇။ အခုစစ်ပွဲဟာ တိုင်းပြည်အတွက်မလိုအပ်ပဲဖြစ်လာတဲ့ စစ်ပွဲဖြစ်တယ်။
၈။ လက်ရှိအစိုးရ တခုတည်းမှာသာ တာဝန်ရှိတာမဟုတ်ပါ။ အရင်စစ်အစိုးရတွေမှာလည်း တာဝန်ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝဝ၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး