Chinese embassy on Kokang ကိုးကန့်အရေး တရုပ်သံရုံးကတင်ထားချက်

ကျွန်တော့်မှတ်ချက်။ နှစ်နိုင်ငံနဲ့ဆိုင်တဲ့အရေးအခင်းရှိတိုင်း ဆိုင်ရာနိုင်ငံတွေက တရားဝင်သဘောထားတွေ ထုတ်ပြန်ပါတယ်။ အခုစာဟာ မြန်မာနိုင်ငံဆိုင်ရာ တရုပ်သံရုံးက တင်ထားတာဖြစ်ပါတယ်။ လေ့လာလိုသူတွေအနေနဲ့ အစိုးရတွေက ပြောတာအပါအဝင် သမိုင်းကြောင်းအမှန်နဲ့ မြေပြင်အခြေအနေတွေကို စုံစေ့အောင်လေ့လာကြရပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ မြန်မာနိုင်ငံမြောက်ပိုင်းကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခင်ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်ပြန်လည်ထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံးရှိ တရုတ်လူမျိုးအတွက် ရည်ညွှန်းသော စာတစ်စောင် ထုတ်ပြန်လိုက်ကာ အကူအညီရယူရန်မျှော်လင့်ခဲ့သည်။ အနောက်တိုင်းမီဒီယာများနှင့် တရုတ် Website များတွင် ကိုးကန့်ကို Crimea နှင့်နှိုင်းယှဉ်သော အစွန်းရောက်အသံများ၊ ရှုပ်ထွေးသော တွေးခေါ်မှုပုံစံများ ထွက်ပေါ်လာသည်။

မြန်မာနိုင်ငံမြောက်ပိုင်းကိစ္စသည် ရှုပ်ထွေးလှသည်။ ကိုးကန့်ဒေသသည် ယူနန်ပြည်နယ်နှင့် နီးစပ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတိုက်ပွဲများကြောင့် မြန်မာနယ်စပ်ပြည်သူများ တရုတ်နိုင်ငံသို့ ဝင်ရောက်လာခဲ့သည်။ ထိုထဲတွင် ကိုးကန့် လူမျိုးများလည်း များစွာပါဝင်သည်။ သူတို့ကို မြန်မာနိုင်ငံရှိ ဟန်လူမျိုးဟုခေါ်သည်။ ဒီလိုနဲ့ တရုတ်ပြည်တွင်းတွင် ထင်မြင်ချက်မျိုးစုံ ထွက်ပေါ်လာစေသည်။

မြန်မာနိုင်ငံမြေက်ပိုင်းအခြေအနေကိုရင်ဆိုင်ရခြင်းမှာ တရုတ်အတွက်လွယ်ကူလှသောကိစ္စ မဟုတ်ပေ။ အတိအကျ ပြောရလျှင် သံတမန်ဆက်ဆံရေး စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်။ တရုတ်၏လူမှုရေးအဖွဲ့များသည် စိတ်အေးအေး ထားရန်လိုသည်။ မြန်မာနိုင်ငံမြောက်ပိုင်ကိစ္စနှင့် ပတ်သက်ပြီးသဘောထားမှတ်ချက်ပေးခြင်း၊ စွက်ဖက်ခြင်းများ ပေါ့ပေါ့ဆဆ မပြုလုပ်သင့်။ တရုတ်အစိုးရကို သံတမန်ရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်သွားရန် နယ်ပယ်ပေးသင့်သည်။ မီဒီယာတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေကို ရှင်းပြသည်။ တရုတ်လူ့အဖွဲ့အစည်းများအတွက် ထိုဒေသတွင်ဖြစ်ပွားသောကိစ္စရပ်များ သိရှိစေရန် အကျိုးပြုပါသည်။

ပထမအချက်မှာ - တရုတ်-မြန်မာနှစ်နိုင်ငံနယ်နိမိတ်မှာရှင်းလင်းစွာသတ်မှတ်ပြီးသားဖြစ်ပြီး နယ်နိမိတ်ပြဿနာ မရှိပါ။ ၁၈၉၇ ခုနှစ်ကတည်းက ကိုးကန့်ဒေသသည် အင်္ဂလိပ်လက်အောက်ရှိ အိန္ဒိယတွင်ပါဝင်သည်။ (ထိုအချိန်က မြန်မာနိုင်ငံလည်း ထိုတစ်စိတ်တစ်ပိုင်းဖြစ်သည်။) ဒါဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် မတည်ထောင်မီကတည်းက ကိစ္စဖြစ်သည်။

ဒုတိယအချက်မှာ - မြန်မာနိုင်ငံရှိကိုးကန့်လူမျိုးသည် မြန်မာတိုင်းရင်းသားလူမျိုးတစ်စု ဖြစ်သည်။ သူတို့သည် တရုတ်လူမျိုးများ၏ ဆွေမျိုးသာဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားမဟုတ်ပါ။

တတိယအချက်မှာ - ကိုးကန့်ဒေသသည် Crimea မဟုတ်ပါ။ ထိုကဲ့သို့ခိုင်းနှိုင်းချက်သည် အဖြစ်မှန်နှင့် လုံးဝမသက်ဆိုင်ပါ။ လူတစ်ချို့၏ ထင်ရာမှန်းဆခြင်းသည် တရုတ်နိုင်ငံလုံးဝလက်မခံသော ထူးခြားသောရည်ရွယ်ချက်ရှိရှိ သဘောထားနေခြင်းပင် ဖြစ်သည်။

စတုတ္ထအချက်မှာ - နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးသည် တရုတ်နိုင်ငံအတွက် အကျိုးအများဆုံးဖြစ်ထွန်းစေသည်။ မြန်မာနိုင်ငံမြောက်ပိုင်းကိစ္စရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံလုပ်ဆောင်နိုင်သည်မှာ ငြိမ်းချမ်းရေးအတွက် တိုက်တွန်းခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေးခြင်းမှတစ်ဆင့် ပြဿနာကို ဖြေရှင်းရန်ဖျောင်းဖျသည်။ မြန်မာနယ်စပ်ပြည်သူများအလုံးအရင်းတရုတ်နိုင်ငံတွင်းသို့ဝင်ရောက်လာခြင်းသည် တရုတ်နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အကျိုးမရှိပါ။ ဒါ့ကြောင့်တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအတွက် တိုက်တွန်းခြင်းသည် သဘာဝပင်ဖြစ်သည်။

ပဉ္စမအချက်မှာ - တရုတ်နိုင်ငံသည် မြန်မာအစိုးရနှင့်သာမက လူမှုရေးအဖွဲ့အစည်းများနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ဒီလိုကောင်းမွန်သောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် မည်သည့်အချိန်တွင်ဖြစ်စေ မြန်မာပြည်တွင်းပဋိပက္ခများတွင် မပါဝင်သင့်ပါ။ တရုတ်ပြည်တွင်းသာမက မြန်မာပြည်တွင်း အဖွဲ့အစည်းများသည် ကိစ္စရပ်များကိုတရုတ်သို့ တွန်းမပို့သင့်ပါ။ အကယ်၍တွန်းပို့လျှင်တောင် ထိုအဖွဲ့အစည်းများ မျှော်လင့်သလို ဖြစ်လာမည်မဟုတ်ပါ။

မြန်မာနိုင်ငံမြောက်ပိုင်း၏သမိုင်းကြောင်းသည် အနည်းငယ်ရှုပ်ထွေးသည်။ သမိုင်းကြောင်း ပြဿနာကို သတ္တိသာမက ပညာသားပါပါ ဖြေရှင်းရန်လိုအပ်သည်။ လတ်သလောတိုက်ပွဲများမှ ပြင်းထန်ပြီး တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့ နှစ်ဘက်စလုံး ဒဏ်ရာရကျဆုံးမှုများရှိပြီး တိုက်ပွဲဂယက်ကြောင့်ဒေသခံများ ဘဝနေထိုင်မှုကိုထိခိုက်လာသည်။ ယခုနှစ်သည် မြန်မာနိုင်ငံအထွေထွေ ရွေးကောက်ပွဲကျင်းပမည့်နှစ်ဖြစ်သည်။ ကျွန်တော်တို့သည် ရွေးကောက်ပွဲမှတစ်ဆင့် ပဋိပက္ခဖြစ်ပွားရာ နှစ်ဖက်လုံးနားလည်မှုများရရှိစေရန် လွန်စွာမျှော်လင့်ပြီး ပဋိပက္ခက ရွေးကောက်ပွဲကို သက်ရောက်စေသည့် အခြေအနေကို မလိုလားပါ။

တရုတ်နိုင်ငံ၏မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒမှာ တည်ငြိမ်ပါသည်။ ကျွန်တော်တို့ဟာအဆိုပါ တည်ငြိမ်သော အခြေအနေကို ထိန်းသိမ်းရန်အစွမ်းလည်းရှိပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်က သဘောထားကိုပြောင်းလဲပြီး ထင်ရာမှတ်ချက်ချပေးခြင်းသည် မြန်မာလူမှုအဖွဲ့အစည်းနှင့် မိမိတို့ကိုယ်တိုင်အတွက် တလွဲဖြစ်စေပါသည်။ တရုတ်ကိုမူဝါဒပြောင်းလဲစေရန် လမ်းကြောင်းပေးလိုသောရည်ရွယ်ချက်က အကျိုးထူးမလာဘဲ အချိန်သာကုန်သွားလိမ့်မည်။

တရုတ်ပြည်တွင်း လူတစ်စုသည် အကြောင်းအမျိုးမျိုးကြောင့် ကိုးကန့်လူမျိုးများအပေါ်နားလည် စာနာကြသည်။ ဒီကိစ္စကို နားလည်ပေးလို့ရပါသည်။ သို့သော် ဒီကိစ္စဟာတရုတ်မှမြန်မာပြည်အပေါ်ထားရှိသော မူဝါဒကိုပြောင်းလဲစေလောက်သော အကြောင်းရင်းမဟုတ်ပါ။ တရုတ်၏မြန်မာအပေါ်သဘောထားမှာ နိုင်ငံတကာဥပဒေနှင့်တရုတ်-မြန်မာ ကာလကြာ ချစ်ကြည်သော မိတ်ဖက်ဆက်ဆံရေးမူဘောင်တွင်သာ မူတည်သည့်အချက်မှာ ပြောင်းလဲမည်မဟုတ်နိုင်ပါ။

မြန်မာနိုင်ငံလူဦးရေမှာ သန်း၅ဝ ကျော်ရှိပြီး တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၄မျိုးရှိပြီး လက်နက်ကိုင်အဖွဲ့၂၉ဖွဲ့ရှိကာ လက်ရှိတွင် ၁ဝဖွဲ့ကျော်သည် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားသည်။ မြန်မာအစိုးရက လူမျိုးစုပြဿနာကို အမြစ်ပြတ် ဖြေရှင်းနိုင်ရန်မှာ လွန်စွာခက်ခဲလှသည်။ တပ်မတော်အပါအဝင် အားလုံးအပစ်ရပ်ကာမှ ဆွေးနွေးမှုလုပ်ဆောင်နိုင်မည်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံကောင်းမွန်သောကံကြမ္မာကို ပိုင်ဆိုင်၍ ကိုးကန့်အပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံး ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော အခွင့်အလမ်းများရရှိပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Source: Global Times ၂ဝ၁၅ခုနစ်၊ ဖေဖော်ဝါရီလ၊ ၁၆ရက်နေ့
မူရင်းလင့် https://www.facebook.com/permalink.php?story_fbid=781291308613591&id=191612647581463

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)