Super-cheap gadget tests for HIV using Smartphone

စမတ်ဖုန်းသုံးပြီး HIV ကို အလွယ်တကူစမ်းနိုင်တော့မယ်

• အမေရိကန် ကိုလမ်ဘီယာတက္ကသိုလ်က သုတေသနလုပ်သူတွေကနေ အသစ်တီထွင်လိုက်တာဖြစ်ပါတယ်။ ၁၅ မိနစ်နဲ့ အဖြေသိပါမယ်။
• စမတ်ဖုန်းမှာ HIV) ဗိုင်းရပ်စ် ရှိ၊ မရှိကို စမ်းသပ်ပေးနိုင်တဲ့ App တခုကို ထည့်သွင်းပေးထားရမှာဖြစ်ပါတယ်။ လက်ဖျားထိပ်ကနေ သွေးဖေါက်ယူပြီး ကိရိယာကနေ HIV နဲ့ဆိုင်တဲ့ အမှတ်အသားသုံးမျိုးကို စစ်ဆေးပါမယ်။ HIV antibodies အင်တီဘော်ဒီ ခေါ်တဲ့ခုခံမှုအရာ၊ (၁) ဆစ်ဖလစ်အတွက် treponemal-specific antibodies ထရီပိုလီ အင်တီဘော်ဒီ နဲ့ (၃) non-treponemal antibodies ဆစ်ဖလစ် လက်ငင်းဖြစ်နေတာနဲ့ လက်ငင်း မဟုတ်တာအတွက် အင်တီဘော်ဒီကို ရှာပါမယ်။
• Dongle တခုကို ၃၄ ဒေါ်လာကုန်ကျမယ်။ ပေါ်နေပြီးဖြစ်တဲ့ အလွယ်ဝယ်ရ HIV စမ်းသပ်နည်းကဒေါ်လာ ၄ဝ ကျတယ်။
• ရဝမ်ဒါမှာ ဒီနည်းနဲ့ ၉၆ ယောက်ကိုစမ်းတော့ သုံးစွဲသူတွေကထောက်ခံချက်ပေးကြတယ်။
• အမေရိကားမှာ လူပေါင်း ၁့၁ သန်း HIV ကူးစက်ခံနေရနိုင်ပေမဲ့ ၆ ပုံ ၁ပုံက ကူးစက်ခံထားရတာကို မသိကြပါ။
• အများအပြား ထုတ်လုပ်ဖို့တော့ စောင့်ရပါအုံးမယ်။ ကျယ်ပြန်တဲ့စမ်းသပ်မှုတွေကို ဆက်လုပ်ဖို့နဲ့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထောက်ခံချက်ရဖို့လည်း လိုပါသေးတယ်။

ဒေါက်တာတင့်ဆွ
၂၈-၂-၂ဝ၁၅

https://www.youtube.com/watch?v=TC9XNqSgj4w

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး