MEC မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း

ဆရာကျွန်တော့့် ပါ။ Myanmar Economic Cooperation (MEC) ရဲ့အကြောင်းလည်း ဖော်ပြပေးအုံး။ MEC ကိုလည်း စစ်တပ်ကလူတွေပဲ ချယ်လှယ်နေတာပါပဲ။ ကျွန်တော်က့ စက်ရုံ၊့ မှာလုပ်နေတဲ့ဝန်ထမ်းပါ။ ဦးပိုင်ဆိုးသလို MEC ကလည်း စစ်တပ်ထိပ်ပိုင်းလူတွေတွက် လုပ်နေတယ်လို့ပဲ ထင်ပါတယ်ဆရာ။ ကျွန်တော်အားလုံးတော့ မသိပါဘူးဆရာ။ စက်ရုံတွေမှာခန့်ထားတဲ့ စက်ရုံမူးတွေကလည်း စစ်တပ်ကလူတွေပါပဲ။ နောက်ပြီး အဓိကစာရင်းဇယားကိုင်တဲ့ ရုံးအဖွဲ့ ဆိုရင်လည်း စစ်တပ်ကထွက်လာတဲ့ ဗိုလ်ကြီးငြိမ်းဆိုတဲ့လူတွေများပါတယ်။ ဦးပိုင်ပဲလူသိများနေတယ်လို့ ထင်ပါတယ်။ MEC ကိုသိပ်မသိသေးဘူးထင်ပါတယ်။ ဆရာဖြစ်နိုင်ရင် MEC ရဲ့သမိုင်းကိုလည်း တင်ပေးစေလိုပါတယ်။

• Myanmar Economic Corporation (MEC) မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်းဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ စစ်တပ်ကနေ ဦးစီးလုပ်ကိုင်နေတဲ့ အကြီးဆုံး (ကွန်ဂရိုမားရိတ်) အုပ်စုကြီး နှစ်ခုထဲက တခုဖြစ်တယ်။
• ကျန်တခုကတော့ Union of Myanmar Economic Holdings Limited (UMEH) ခေါ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ဦးပိုင်လီမိတက်ဖြစ်တယ်။
• MEC ကို ၁၉၉၇ မှာဖွဲ့ခဲ့တယ်။ ရုံးချုပ်က ရန်ကုန်၊ အလုံလမ်းမှာရှိတယ်။ အရင်ဒုသမတ ဦးတင်အောင်မြင့်ဦးဟာ MEC ချယ်ယာမင်ဖြစ်တယ်။
• အကြီးစား စက်မှုလုပ်ငန်းတွေကနေ စစ်သုံး ဥပမာ ဘိလပ်မြေ၊ ရာဘာတွေထောက်ပံ့ပေးနိုင်ဘို့ဖြစ်တယ်။ ဒါပေမဲ့ လုပ်ငန်းအတော်များများကို လှို့ဝှက်လုပ်ကိုင်နေတယ်။ ၂ဝဝ၉ ခုနှစ်အထိ MEC အောက်မှာ စက်ရုံပေါင်း ၂၁ ခု ရှိနေပြီ ဖြစ်တယ်။ သံမဏိစက်ရုံ ၄ ခု၊ ဘဏ်တခု (အင်းဝဘဏ်)၊ ဘိလပ်မြေစက် ၁ ခုပါတယ်။ ဒါ့ပြင်  အာမခံလုပ်ငန်းကိုလည်း လက်ဝါးကြီးအုပ်ထားတယ်။
• ၂ဝဝဝ ခုနှစ်မှာ Cybermec Information Technology Center ကိုထူထောင်လိုက်တယ်။
• MEC ကို ကာကွယ်ရေးဝန်ကြီးဌာန၊ Directorate of Defence Procurement (DPP) စစ်လက်နက် ဝယ်ယူရေးဌာန အောက်မှာထားတယ်။ ရှယ်ယာကို လက်ရှိစစ်မှုထမ်းနေသူတွေသာပိုင်ဆိုင်တယ်။
• နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်တာတွေရှိပေမဲ့ မြန်မာပြည်မှာ အကြီးဆုံးစီးပွါးရေးကော်ပိုရေးရှင်းကြီး ဖြစ်တယ်။
• US ယူအက်စ်အစိုးရက (ဆန်ရှင်) လုပ်ထားတဲ့စာရင်းထဲမှာပါတယ်။
• UMEHL ကိုရော MEC ကိုပါ ပြည်ထောင်စုလွှတ်တော်ကနေ ဘာမှစွက်ဖက်ပိုင်ခွင့်မရှိဘူး။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၅

ဖေ့စ်ဘွတ်မှာဖတ်ရတဲ့ MEC တိုင်စာများ
(၁)
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ အလုံမြို့နယ် အထက (၇) ၌ လာရောက် ကျောင်းတက် နေရသည့် ကျောင်းသားကျောင်းသူများမှာ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ မေဒေးဆိပ်ကမ်းရှိ သမ္ဗန်ဆိပ်အား တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က ခြံစည်းရိုးခတ်ရာ ဖြတ်သန်းမသွားလာနိုင်တော့သဖြင့် ခြံစည်းရိုး ဖယ်ရှားပေးရန် တောင်းဆိုနေသည့် ဓာတ်ပုံများအား ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်အေးအေးမြင့်က ဆန္ဒပြ ကျောင်းသားများဟု ခေါင်းစဉ်တပ်၍ ကျောင်းနံရံများ၌ ကပ်ထားကြောင်း ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်စန္ဒာမြင့်က နိုဝင်္ဘာလ ၂ဝ နေ့တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။ အဆိုပါသမ္ဗန်ဆိပ်အား မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က နိုဝင်္ဘာလ ၁၆ ရက်နေ့တွင် ခြံစည်းရိုးခတ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသွားရာတွင်အသုံးပြုသည့် လမ်းကြောင်း ပိတ်သွားသဖြင့် ကျောင်းသား ကျောင်းသူများ ၄ ရက်ကြာ ကျောင်းမတက်နိုင်ဖြစ်နေရာ ယင်းခြံစည်းရိုးခတ်ထားမှုကို ဖျက်သိမ်းပေးရန် နိုဝင်ဘာလ ၁၇ ရက်နေ့ကတည်းက ကျောင်းသားမိဘများက တောင်းဆိုနေခြင်းဖြစ်သည်။

(၂)
မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း MEC ဒုရင်္ဂဗိုလ်သကြားစက်ရုံတွင် ဖြစ်နေသော အဖြစ်အပျက်များကို တင်ပြခွင့်ပြုပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။ ကျွန်မသည် ဒုရင်္ဂဗိုလ်သကြားစက်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်ပါသည်။ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။ ကျွန်မတို့စက်ရုံနှင့် ရုံးပိုင်းဆိုင်ရာများတွင် အရာရှိနှင့် အရာထမ်း၊ အမှုထမ်းများရှိပါသည်။ အရာရှိ ၅ ယောက်တို့သည် လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး၊ ဝန်ထမ်းများအပေါ် မတရားစနစ်ကျင့်သုံး အနိုင်ကျင့်နေပါသည်။ သူတို့သည် သကြားစက် ကြံရာသီ ပြီးဆုံးတာနဲ့ စက်ရုံမှူး၊ ဒုစက်ရုံမှူး၊ လက်ထောက်စက်ရုံမှူး၊ ခွဲမှူး၊ စုမှူးများသာ စက်ပိတ်ပွဲဆိုပြီးပြလို့ ထိပ်တန်း စားသောက်ဆိုင်မှာ ပျော်ပွဲစားနေကြပြီး၊ ကျန်တဲ့ စိတ်မှူး၊ စက်ကျွမ်း ၃၊ ၄၊ ၅ များကိုတော့ မင်းတို့ကိုဂရုမစိုက်ဘူး မင်းတို့ကို ကျွေးစရာမလိုဘူး၊ ပေးစရာမလိုဘူး၊ ငါတို့က စစ်ထောက်ချုပ်ကိုပိုင်တယ်။ MEC ရုံးချုပ်ကိုလည်းပိုင်တယ်။ မင်းတို့တိုင်ချင်ရင်တိုင်၊ ဘယ်ကိုတိုင်တိုင် ဂရုမစိုက်ဘူးဆိုပြီး၊ လက်ထောက်စက်ရုံမှူး ဦးအောင်ဌေးမြင့်က ပြောပါတယ်။ ဖုန်းတွေကိုလည်း စစ်ထောက်ချုပ်ကမပြောဘဲနဲ့ ပြောတယ်ဆိုပြီး စိတ်မှူးနှင့် အောက်ဝန်ထမ်းများမကိုင်ရဘူးတဲ့။

သူတို့ဟာ နေ့စဉ် ပြည်ကဒေါ်ချိုဝင်းချီ သကြားအိတ်တွေကို ပေါ်ပေါ်လွင်လွင် ရောင်းနေပါတယ်။ တင်လဲရည်ဆိုလဲ အောင်လံဦးကံထွန်း အရက်ချက်စက်ရုံကိုရောင်းပါတယ်။ ဒီလိုတွေ ရုံးချုပ်၊ စစ်ထောက်ချုပ်တွေ မသိအောင်ခိုးပြီး ရောင်းနေတာကို ဝန်ထမ်းများက ဓါတ်ပုံရိုက်ပြီးတိုင်မှာကို သူတို့ကြောက်လို့ စိတ်မှူးနှင့် အောက်ဝန်ထမ်းများ ဖုန်းမကိုင်ရ၊ ကင်မရာများမယူရ၊ ဓါတ်ပုံရိုက်ပြီး Fb ကနေတိုင်တဲ့သူကို ရဲစခန်းပို့မယ်ဆိုပြီး ဦးအောင်ဌေးမြင့်က ဝန်ထမ်းများကို ခြိမ်းခြောာက်နေပါတယ်။

ဓါတ်အားပေးဌါနမှာက ကျွန်မရဲ့ သူငယ်ချင်းမိန်းကလေးက သူနေ့တိုင်း အောင်လံကိုပြန်ရင် ဖယ်ရီကားပေါ်မှာ ပြောပြပါတယ်။ အင်ဂျင်မမောင်းဘဲနဲ့ အမောင်းပြပြီး၊ ဒီဇယ်တွေထုတ်ရောင်းပါတယ်။ ဓါတ်အားပေးဌာနက တာဝန်ခံအမျိုးကလဲ ခိုးရောင်းလို့ရတဲ့ ပိုက်ဆံကို ကျန်တဲ့ဝန်ထမ်းများ မပေးဘူးတဲ့။ လက်ထောက် စက်ရုံမှူး ဦးအောင်ဌေးမြင့်နဲ့သာ ညှိပြီးယူတယ်တဲ့။ စတိုကနေ နှစ်ဂါလံထုတ်ပြီး ဂိတ်ပါတ်လုပ်ပြီး အပြင်ကိုငါးလံခိုးပြီး ရောင်းချနေတာ။ ဓါတ်အားပေးတာဝန်ခံပဲလို့ ကျွန်မသူငယ်ချင်းက ပြောပြောပြပါတယ်။ ယခုလည်း ဓါတ်အားပေးဌါနမှာ အပေါ်နဲ့ အောက်ဝန်ထမ်းတွေ အဆင်မပြေဘူး။ ပြဿနာ ခဏခဏတက်နေတယ်လို့လည်းပြောပါတယ်။ ခိုးရောင်းလို့ ရတာမှန်သမျှ အရာရှိလေးဦးနဲ့ စက်ရုံမှူး ခွဲမှူးများကိုတော့ အနည်းငယ်ခွဲဝေပေးပြီး၊ စုမှူး။ တာဝန်ခံများကိုလည်း အနည်းငယ်ပေးပါတယ်။ ကျန်တဲ့ဝန်ထမ်းများကိုတော့ လုံးဝမပေးတဲ့အပြင် ဖိနှိပ်နေတဲ့ဒဏ်ခံနေရပါတယ်။

ဒါကြောင့် အလွဲသုံးစားလုပ်နေတဲ့ အရာရှိလေးဦးအား စစ်ဆေးပြီး အရေးယူဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် တိုင်ကြားလိုက်ရပါတယ်။ ကျွန်မတိုင်တာကို မယုံဘူးဆိုရင် စက်ရုံကို လာရောက်ပြီး စုံစမ်းကြည့်ပါ။ အောက်ခြေ ဝန်ထမ်းများကို မေးပြီး စုံစမ်းကြည့်ပါ။ အားလုံးပေါ်ပါလိမ့်မယ်။ ဒီနှစ်အဆိုးဆုံးပါ။ ဒီသတင်းကို တိုင်ကြားသော ကျွန်မက ကုန်ချောဌာနက ထုတ်ကျွမ်း ၄ ရာထူးပါ။ အလုပ်သမားအဖွဲ့တွေကိုလည်း သူတို့က ခွဲခြား ဆက်ဆံနေတာကိုလည်း သိရပါလိမ့်မယ်။

(ပြီး)

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး