Padoh Mahn Sha Lah Phan ပဒို မန်းရှာ ကို သတိရခြင်း
• ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ဟာ KNU အထွေထွေအတွင်းရေးမှူး ပဒို မန်းရှာလာဖန်း ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
• ၁၄-၂-၂ဝဝ၈ နေ့မနက်မှာ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU ညီလာခံစပြီးကျင်းပတော့ ပဒိုမန်းရှာ ကလာပြီး အမတ်တွေအားလုံးကို တယောက်ချင်းလက်ဆွဲနုပ်ဆက်ပါတယ်။
• အဲဒီနေ့အစည်းအဝေးအပြီးမှာဘဲ သူနဲ့အိမ်ချင်းကပ်လျှက်နေတဲ့ ဦးခွန်မာကိုဘန်းဆီကို ပဒိုမန်းရှာ သေနတ်ပြစ်ခံရတယ်လို့ ဖုန်းဝင်လာတယ်။ ကျွန်တော် မဲဆောက်ရောက်ရင် ခွန်မားကိုဘန်းအိမ်မှာ တည်းခိုဖြစ်တာ များတယ်။
• သူ့ကို မအူပင်ခရိုင် တောကျောင်းမှာ မွေးတယ်။ ရန်ကုန်တက္ကသိုလ်က သမိုင်းအဓိကနဲ့ဘွဲရတယ်။ ပညာသင်ပြီးနောက် KNU ထဲဝင်တယ်။ နောက်ဆုံးမှာ အထွေထွေအတွင်းရေးမှူါ်ဖြစ်လာတယ်။
• ပဒို မန်းရှာ ဟာ ကရင့်နယ်မြေမှာ အခြေစိုက်ကြတဲ့ ကရင်မဟုတ်တဲ့ အဖွဲ့တွေအားလုံးနဲ့ ဆက်ဆံရေးမှာ အကောင်းဆုံး ပုဂ္ဂိုလ်လည်းဖြစ်တယ်။ စာလည်းဖတ်တယ်။ အမြင်ကျယ်တယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကောင်းတဲ့ကဗျည်းထိုးခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင် သူကျဆုံးတာ ၇ နှစ်ရှိသွားပြီ။
ဒေါက်တာတင့်ဆွေ
၁၁-၂-၂ဝ၁၅

Comments
Post a Comment