Come again ဆရာ လာအုံးမှာလား

(၁) ချင်းတွင်းမှ သောင်ရင်း
• သောင်ရင်းမှာ စုန်ဆင်းဆန်တက် လှေခွက်ကရေယို၊ အမိမြေကို ခြေပြန်ချ၊
• ခိုးကြောင်ခိုးဝှက်နဲ့ အစည်းဝေးတွေတက်ခဲ့ရ၊ မနည်းလှ။

• ဒေလီမှာကြာ ငါဘာလုပ်ခဲ့သလဲ၊ မဲပေးတာယူ၊ မဲပေးသူတွေကိုထားခဲ့၊
• တာဝန်ကျေရဲ့လားလို့ မေးတဲ့အခါ ငါပြုံးမဲ့မဲ့။

• အလှမ်းမဝေးပြီထင်မှတ်၊ နေရပ်ကိုပြန်လာ၊ လူနာလူမမာ လူနုံခြာခြာတွေပေါပါလှ၊
• အသက်ဆက်ပေးခြင်တာက ငါ့ဆန္ဒ။

 (၂) ယမုန်နာမှ ဝေးရာသို့
• ကပ်ပတိန်တော့မဟုတ် လှေကနေနောက်ဆုံးဆုတ်၊ ဘာလုပ်နိုင်အုံးမလဲ မသဲကွဲ၊
• ဇွဲတော့မလျှော့၊ နောက်တစ်ပွဲ လာနွှဲပါလို့ ဖိတ်ကြသူတွေက တဖွဲဖွဲ၊

• ကဲလာပါပြီတဲ့၊ နွှဲပါပြီတဲ့၊ နိုင်ပါပြီတဲ့၊ လွှတ်တော်မှာ လက်ခုပ်သံတစ်ခုသာပိုမဲ့ပွဲ၊
• နောက်အပွဲပွဲ အားခဲစရာတွေက ဒင်းကြမ်းပြည့်လျှက်ပဲ၊
• အမှန်တကယ် ပွဲဝင်မဲ့သူတွေအတွက် ငါ့လက်တွေဆုပ်ထားဆဲ။     ။

မှတ်ချက်။ ချင်းတွင်းမြစ်ဘေးမှာမွေးခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ယမုန်နာမြစ်စီးဆင်းရာ ဒေလီမှာ အနေကြာခဲ့တယ်။ ဒေလီမြို့တော်မှာ ယမုန်ဆေးခန်းလေးပါ ဖွင့်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဖက်ကနေ သောင်ရင်းမြစ်ကိုဖြတ်ဖြတ်ပြီး မြန်မာ့မြေပေါ်မှာကျင်းပတဲ့ အစည်းပေါင်းများစွာကို တက်ခဲ့ရပါတယ်။

ဓါတ်ပုံ = ၁၉၉ဝ ကျော်နှစ်တွေတုံးက သောင်ရင်းမြစ်တွင်းမှာ လှေပေါက်ရေယိုတာကို ခပ်ထုတ်ခဲ့ရစဉ်က

ဒေါက်တာတင့်ဆွေ
၁ဝ-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ