Not to be fooled အို့ ကာလာမတို့

ဆရာ့ကိုလေးစားပါတယ်။ ဆရာက နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ပြည့်စုံပါတယ်။ ဒါပေမဲ့ဆရာရယ် အမေမှာတဲ့ ဆန်တစ်ခွဲကို သုံးစိပ်နဲ့မလဲနိုင်တဲ့ ကျနော်တို့ရဲ့ရင်ဘတ်ကို အရင်မြင်အောင်ကြည့်တာဆရာ။ ဆရာကိုလည်း လေးစားတယ်။ အမေစုကိုလည်း ချစ်တယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာပျောက်ကွယ်မှာ ကြောက်ကွယ်မှာကိုတော့

• ဗုဒ္ဓဘာသာပျောက်ကွယ်မှာလို့ ဘယ်သူကပြောဟောပါသလည်း။ သာသနာ ဒုတိယ ၂၅ဝဝ မှာ အနှစ် ၆ဝ သာ လျှော့ပါသေးတယ်။
• ဗုဒ္ဓပွင့်တော်မူရာကနေ ဘာလို့ ဗုဒ္ဓဘာသာပျောက်သလောက်ဖြစ်သွားလည်း။ ဒီမိုကရေစီကြောင့်တော့ မဟုတ်ပါဗျာ။ ဘာသာခြား ဘုရင်ဆိုးတွေကြောင့်ပါ။
• စိုးရိမ်လွန်းအောင် ခြောက်လှန့်ခံရသူတွေကို ပြောပါရစေ။ အဲလိုဆိုးသွမ်းတဲ့ဘာသာခြားဘုရင်လိုတွေကနေ ဝင်တိုက်ပါပြီတဲ့၊ ခြောက်လှန့်နေသူတွေက ကဲငါမပြောဘူးလားဆိုပြီး ထိုင်ကြည့်နေကြမှာလား။
• တိုင်းပြည်တခုလုံးနဲ့ဆိုင်တဲ့အရေးရှိတိုင်း မြန်မာပြည်သူပြည်သားတွေ စည်းလုံးကြပါတယ်။ မတူတဲ့အရောင်တွေကို ဘေးဖယ်ထားနိုင်စွမ်းရှိကြတယ်။
• တို့ကမှ ချစ်တာ၊ ဟိုဒင်းဟိုဝှာတွေက ချစ်တာမဟုတ်ဘူးလို့ပြောသူတိုင်းကို ယုံသင့်ပါသလား။ အဲလို ကိုယ်တိုင် စူးစမ်းမှုမရှိတာကို ဗုဒ္ဓကမကြိုက်ပါ။
• တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ်ဆုံးဖြတ်ချက်မချကြကုန်နှင့်။ အခြေအမြစ် မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။ လေးစားထိုက်သော လောကက ဂရုပြုနေသည့်ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ဝါဒသည်ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချမယူကြကုန်နှင့်။ မိမိတို့ ဆည်းကပ်ကိုးကွယ်သောဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ်မမှတ်ယူကြကုန်နှင့်။

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး