Never Wake up a Sleeping Dragon အမျိုးသားညီလာခံတက်ခဲ့တဲ့ ကိုးကန့်အဖွဲ့
အစိုးရအဖွဲ့ ဦးရဲထွတ်
• တခြားနဲ့ ပြည်ပအဖွဲ့အစည်းတွေ အကူအညီမပါပဲ ကိုးကန့်တွေ ဒီလိုမတိုက်နိုင်။
• အထောက်အပံ့ပေးနေတဲ့အဖွဲ့တွေရှိတယ်။
• (မှတ်ချက်။ တအောင်း၊ ကေအိုင်အေ၊ အေအေ၊ တို့ပါဝင်တိုက်နေ။)
• တရုပ်အစိုးရကတော့ ပြည်တွင်းရေးဝင်မစွက်ရေးနဲ့ နယ်စပ်ဒေသများ တည်ငြိမ်ရေးလိုလား။ ဒါပေမဲ့ ယူနန် အာဏာပိုင်တွေနဲ့ တချို့စီးပွါးရေးအဖွဲ့အစည်းတွေ ပါ-မပါ မပြောနိုင်။ တရုပ်သံရုံးကို ဆက်သွယ်ထား။ ထုတ်မပြောနိုင်သေး။
• ကြေစားအဖွဲ့တွေဆိုတာ ခန့်မှန်းလို့မရ။ ကာချုပ်က အထောက်အထားတွေရှိတယ်။ နာမည်ထုတ်မပြောသေး။
• ဖုန်ကြားရှင်ကို ၂ဝဝ၉ ကတည်းက ရဲတပ်ဖွဲ့ဝင်တွေကိုသတ်မှုနဲ့ မူးယစ်ဆေးလုပ်ငန်းနဲ့ အမှုတွေဖွင့်ထား။
ကေအိုင်အေ ဦးလနန်း
• လောက်ကိုင်တိုက်ပွဲမှာ KIA မပါဘူး။ ဒိအရင်ကတော့ပါတာပေါ့။ သံလွင်အရှေ့ဖက်တိုက်ပွဲတွေမှာ KIA မပါဘူး။
• တရုပ်ဖက် ပါတယ်လို့ပြောရင် မှားနိုင်တယ်။
• လောက်ကိုင်မှာ အစိုးရဌာနချုပ်ဆိုတာမရှိလို့ ကိုးကန့်ကဝင်တိုက်တယ်ဆိုတာ မဟုတ်မှန်။
• ကိုးကန့်က လက်လွှတ်ခဲ့ရတာကို ပြန်ယူချင်တဲ့သဘောဖြစ်မယ်။
စာရေးဆရာ သန်းစိုးနိုင်
• ကိုးကန့်အဖွဲဆိုတာ ၁၉၈၉ မတ်လမှာ ဖုန်ကြားရှင်ဦးဆောင်ပြီး ဗကပ ကနေခွဲထွက်ခဲ့။ အစိုးရနဲ့ငြိမ်းချမ်းရေးယူပြီး MNDA ကို ထူထောင်ခဲ့။
• ညောင်နှစ်ပင် အမျိုးသားညီလာခံကို ဖိတ်ကြားလို့တက်ခဲ့။
• ၂ဝဝ၉ အစိုးရကတိုက်လို့ လက်လွတ်ခဲ့ရတာကို MNDA က ပြန်ယူဘို့ကြိုးစား။
• ၂ဝဝ၉ အစိုးရနဲ့ပဋိပက္ခဖြစ်ပြီးနောက် နိုင်ငံရေးမှာငုပ်ရှိုးသွားခဲ့။
• အစိုးရက ဘိန်းနဲ့ လက်နက်စက်ရုံတွေရှိတယ်လို့ပြော။ ဘိန်းကိုတော့ ဖုန်ကြားရှင်ရှိတုံးကလည်းလုပ်တယ်။ အုပ်ချုပ်ရေးမှူး ပိုကျုံချွမ်ကလည်းလုပ်တာပဲ။ ပိုတောင်လုပ်လာသေးတယ်။
• ကိုးကန့်ဒေသမှာ ပြန်ပြီးအချေချနိုင်ရေးကြိုးပမ်းနေတာလို့ယူဆရ။
• အစိုးရနဲ့ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ပေါင်းထားတဲ BGF နယ်ခြားစောင့်အဖွဲ့ကလဲ ဘိန်းလုပ်တာတွေအပါအဝင် ပျက်ယွင်းလာတယ်။
• တရုပ်ကိုဆွဲထည့်တာမသင့်ပါ။ ၂ဝဝ၉ တိုက်ပွဲမှာ ကိုးကန့် ၃ဝဝဝဝ လောက် တရုပ်ဖက်မှာ ခိုလှုံခဲ့ရတယ်။ ဒါမျိုးကို တရုပ်ကစိုးရိမ်တယ်။ တရုပ်ပါတယ်လို့ပြောတာာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်။ အိပ်နေတဲ့နဂါးကို သွားမနိုးပါနဲ့ဆိုတဲ့ နပိုလီယန်စကားကို ကိုးကားချင်ပါတယ်။
မှတ်ချက်။ ပညာရှင်ဆိုသူတယောက်ကနေ ဒေလီမှာလုပ်တဲ့ မြန်မာ့ဒီမိုကရေစီရေးဆီမီနာကိုလာပြီး နယ်ခြားစောင့်တပ် BGF ကို တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေကနေ လက်ခံလိုက်ကြရင် မြန်မာပြည်မှာ ငြိမ်းချမ်းရေးတံခါး ပွင့်သွားမယ်လို့ ပြောခဲ့တယ်။ အဲဒီပညာရှင်က အခုငြိမ်းချမ်းရေးပရောဂျက်ကြီးမှာ တာဝန်ပေးခံထားရပါတယ်။
ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၅

Comments
Post a Comment