International Condom Day နိုင်ငံတကာကွန်ဒွမ်နေ့

ဆရာတယောက်ကရေးပါတယ် ကွန်ဒုံးစွပ်ထားတဲ့ ပြည်တွင်းငြိမ်းချမ်းရေးတဲ့။ သူ့စာခြေဆင်းကတော့ PK ဇာတ်ကားထဲမှာ PK က ကွန်ဒုံးကောက်ရတော့ ကျနေသူထံ သွားပေးပါတယ်။ ကျနေခဲ့သူက လူတွေရှေ့ဖြစ်နေတော့ သူ့ဟာမဟုတ်ဘူးလို့ ငြင်းပါတယ်။ ပြီးတော့ ကွန်ဒွမ်ဟာ ကိုယ်ဝန်မရနိုင်စေဖို့နဲ့ လိင်မှတဆင့် ကူးစက်တဲ့ရောဂါမရစေဖို့ အသုံးပြုတဲ့ပစ္စည်းလို့ ရှင်းပြပါတယ်။ ဆက်ရေးတာကတော့မှသာ သူပေးချင်တဲ့ မက်ဆေ့ခ်ျဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ အခြားနိုင်ငံရေးရာ ဆွေးနွေးပွဲတွေဟာ ဘာကြောင့် လက်တွေ့ကျကျ မအောင်မြင်ရသလဲဆိုရရင် ဆွေးနွေးနေသူတွေက သူတို့ရဲ့ ဦးနှောက်တွေကို ကွန်ဒုံးစွပ်ထားကြလို့ပါ။ သူတို့ဟာ တခြားသူနဲ့တော့ ဆက်ဆံချင်တယ်။ ဒါပေမဲ့ သူတပါးရဲ့ စိတ်ကူးစိတ်သန်းအတွေးအခေါ် သိမြင်မှုခံယူချက်တွေကို ကိုယ့်ဆီမကူးစက်အောင် သူတို့စိတ်တွေမှာ ကွန်ဒုံးစွပ်ထားကြပါတယ်။ ဆိုတော့ သူတို့တွေ့ဆုံမှုတွေက အလွှာပါးပါးလေးထဲမှာ ကမ္ဘာခြားနေခဲ့ပါတယ်။

နိဂုံးမှာ နောက်ဆုံးတော့ ပြည်သူပြည်သားတွေဆိုတဲ့ သန္ဓေသားလောင်းတွေဟာ အသက်ဆက်မရှင်နိုင်တော့ဘဲ သူတို့ရဲ့ ငြိမ်းချမ်းရေးနာမည်ကပ် ကွန်ဒုံးတွေထဲမှာ သေဆုံးသွားပါလေတော့တယ့့် တဲ့။

ကျွန်တော့် ကွန်မင့် -
• ဗမာပြည်အဖြစ်ကတော့ ကွန်ဒွမ်စွပ်ထားသူမှာသာ ကူးစက်ရောဂါရှိတယ်။ သူ့ဇနီး (အဖေါ်) မှာတော့ ရောဂါကင်းပါတယ်။ သူ့ရောဂါကလည်း သေတပန်သက်တဆုံး ဆေးနဲ့နပမ်းလုံးနေရာမှာ။
• ဒါကြောင့် သူ့ကွန်ဒွမ်သာ မပျောက်ပြဲပါစေနဲ့လို့ပဲ ထပ်လောင်းဆုတောင်းပါတယ်ဗျာ။
• ဒီနေ့ကလည်း International Condom Day နိုင်ငံတကာကွန်ဒွမ်နေ့လည်းဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး