Nayphyitaw land abuse နေပြည်တော် နောက်ကွယ်ကဇာတ်လမ်းတချို့

(သို့) အမှန်တကယ် သရက်စိုက်ပျိုးကြသူများ

ဘီဘီစီ၊ ကိုသိန်းမြတ် ၂၂-၂-၂ဝ၁၅ ညနေပိုင်းထုတ်လွှင်ချက်မှ

ဘီဘီစီ =၂ဝဝ၂ မှာ နေပြည်တော်မြို့တော်ကြီးကိုတည်းဆောက်ခဲ့တယ်။ ပိုင်ရှင်မဲ့မြေကွက်လပ်ကြီးပေါ်မှာ တည်ဆောက်ခဲ့တာ မဟုတ်ပါ။ အရင်က မြေတွေပေါ်မှာ နေထိုင်လုပ်ကိုင်စားသောက် နေကြသူတွေရဲ့ဘဝတွေ ဘယ်လို ဖြစ်ကုန်ကြသလည်း။

တပ်မတော်ဂေါက်ကွင်း
NLD နေပြည်တော်ခရိုင်အတွင်းရေးမှူး ဒေါ်ခင်မျိုးသွင် = ရွာ ၃ ရွာနဲ့ ရွာသူရွာသားတွေ လုပ်ကိုင်စားသောက်ခဲ့ကြတယ်။ ၂၃-၁၂-၂ဝဝ၃ ခုနှစ် လတုံးက တောင်သူပေါင်း ၆၄ဝ ရှိတယ်။ လယ် ၅၂၇့၆ဝ ဧက၊ ယာ ၅၇ဝ၃့၅ဝ ဧက။
ဘီဘီစီ = ဒါကလည်း လာပြီးတိုင်ကြားသူအရေအတွက် ကိန်းဂဏန်းသာဖြစ်တယ်။ ကျန်တာတွေလည်းရှိမယ်။
NLD နေပြည်တော်ခရိုင်အတွင်းရေးမှူး ဒေါ်ခင်မျိုးသွင် = အိမ်တွေ လယ်ယာတွေအတွက် လျှော်ကြေးနဲ့နေရာ အစား ပြန်မရကြပါ။ နေရာချထားတာတော့ရှိတယ်။ အိမ်အတွက်မပေး။ ရွာလူကြီးနဲ့သာ ညှိနေကြရတယ်။ ရေမီးမရှိပါ။ လယ်ယာတွေမရှိတော့ လက်လုပ်လက်စား ကြုံရာကျပမ်းသာ လုပ်ကိုင်စားသောက်ကြရတယ်။

ဗိုလ်ချုပ်ရွာ
ဘီဘီစီ = ဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်ကြီး အဟောင်းအသစ်တွေနေတဲ့နေရာဖြစ်တယ်။
NLD နေပြည်တော်ခရိုင်အတွင်းရေးမှူး ဒေါ်ခင်မျိုးသွင် = တောင်ပေါ် ကရင် ၁၆ ရွာနဲ့ မြေပြန့်ရွာ ၄ ရွာ၊ စုစုပေါင်း ရွာ ၂ဝ။
သူတို့ကို ကွက်သစ်တွေမှာ မီတာပါတဲ့ အိမ်ပေးတယ်။ တန်ဘိုးနည်းအိမ်ယာတွေ။ သွပ်မိုးပါတယ်။ ထရံတွေပေါက်ပြဲကုန်ပြီ။ တမံသလင်းကလည်း ငရုပ်ဆုံထောင်းတာနဲ့ ကွဲထွက်ကုန်ပြီ။ ရရာအလုပ် လုပ်ကိုင်ကြရတယ်။ လူကြီးတယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်။ ကောင်မလေးတွေ KTV တို့။ မာဆပ်တို့ကို ရောက်ကုန်ကြတယ်။

သရက်ဇုန်
ဘီဘီစီ = နေပြည်တော်အကြီးအကဲတွေရဲ့ခြံမြေကြီးတွေဖြစ်တယ်။ ၁ ဧကကို သိန်းရာနဲ့တန်တယ်။ ဇလောင်း ကျေးရွာ အုပ်စုက လယ်ယာလုပ်သူတွေတွေ ပိုင်ဆိုင်နေထိုင်ခဲ့ရာနေရာတွေဖြစ်တယ်။ မြေလွတ်မြေရိုင်းဆိုပြီး ရယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လယ်ယာလုပ်နေသူတွေရှိနေလျှက် တမင်သိမ်းယူတာဖြစ်တယ်။

သမတဦးသိန်းစိန်သိမ်းယူတဲ့မြေ
ကိုတင်မင်းနိုင် = သမတဦးသိန်းစိန်သိမ်းယူတာ ဧက ၂ဝဝ။ လယ် ၁ဝ ဧက + ယာ ၁ဝ၈ ဧက။ ၁ဝ ဧကတွက်သာ ဦးသိန်းစိန်ကလျှော်ကြေးပေးပြီလို့ဆိုပါတယ်။ ပိုင်ရှင်တွေကတော့ လျှော်ကြေး မရသေးဘူး။
ဒေါ်ခင်သန်းနွဲ့ = ၇ ဧက။ သမတဆီစာတင်ထားတာ ၅ လပိုင်းက။ အကြောင်းမပြန်၊ အတွေ့မခံ။ ဆန္ဒပြဘို့အထိ စဉ်းစားထားတယ်။ ကျမမှာကျောင်းသားတွေနဲ့။ လုပ်ကိုင်စားစရာမရှိဘူး။ ပြန်ကျ နေ့စာလုပ်စားရတယ်။ အုတ်စက်မှာ နေ့တွက် ၂၅ဝဝ ပဲရတယ်။ မိသားစုက ၄ ယောက်။
ဒေါ်လှဝင်းကြည် = ၅ ဧကပါတယ်။ သမတကြီးဦးသိန်းစိန်သိမ်းသွားတာ။ ပြောင်းလေး နှမ်းလေးကျဲစားနေခဲ့တာ။ ကလေး ၇ ယောက်ရှိတယ်။ ၅၂ နှစ်ရှိပြီ။

ဦးဌေးဦး (ကြံ့ခိုင်ရေးပါတီ) သိမ်းမြေ
ကိုတင်မင်းနိုင် = သူလုပ်နေတဲ့ ယာတချို့ဟာ ဦးဌေးဦးသိမ်းတဲ့အထဲမှာပါသွားတယ်။ သူက က ၂ဝဝ သိမ်းထားတာ။ ၂ဝ၁ဝ ခုနှစ် ၆ လပိုင်းဆုံးကသိမ်းသွားတာ။ ကျွန်တော်က ၆ ကလောက်ပါသွားတယ်။ စုစုပေါင်းတောင်သူတွေ ၁၁၁ ဧက ရှိတယ်။ ၂၆ ဦးက တပြားမှလျှော်ကြေးမရဘူး။

ဦးအောင်သောင်း သိမ်းယူထားတဲ့မြေ
ဦးသိန်းရွှေ  = အသိမ်းခံရတာ ၅ဝ ဧကရှိတယ်။ ဦးအောင်သောင်းကိုယ်တိုင် ကျွန်တော်တို့ဆီကို လာတွေ့တယ်။ လျှော်ကြေးမရသေးဘူး။

ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် သိမ်းယူထားတဲ့မြေ
ဘီဘီစီ = အဲလိုလျှော်ကြေးမပေးသူရှိသလို ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ကတော့ လျှော်ကြေးပေးပါတယ်။
ဦးရွှေမင်း = ၂ဝ ကဧလောက်သိမ်းခံရပါတယ်ခင်ဗျ။ ၁ ဧကကို ၅ သိန်းနှုန်းနဲ့လျှော်တယ်။ ကျွန်တော်တယောက်ပဲမရတာ။
ဘီဘီစီ = ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ကလည်း တောင်သူတွေကအရေးဆိုမှာသာ လျှော်ကြေးပေးခဲ့တာပါ။

ဗိုလ်ချုပ်တင်ထွတ် သိမ်းယူထားတဲ့မြေ
ဘီဘီစီ = သိမ်းစဉ်ကတည်းက တောင်သူတွေနဲ့ညှိပြီး ၁ ဧက ၃ သိန်းနှုန်းပေးခဲ့တယ်။

လယ်ဆည်ဝန်ကြီးဦးမြင့်လှိုင် သိမ်းယူထားတဲ့မြေ
ဦးဝင်းမောင် = ၃၅ ဧကလောက်ရှိပါတယ်ခင်ဗျ။ ၂ဝ၁ဝ ခုနှစ် ၆ လပိုင်းက သိမ်းတာပါ။ လယ်ဆည်ဝန်ကြီးဦးမြင့်လှိုင်က သိမ်းတာပါ။ ဧက ၅ဝ ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး ဒေါ်သန္တာရွှေ သိမ်းယူထားတဲ့မြေ
ကိုမင်းထွန်း = ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး ဒေါ်သန္တာရွှေကသိမ်းတယ်။ လယ် ၃ ဧကနဲ့ ကနုးန်က ၁၂ ဧကလောက် ပါသွားပါတယ်။ ဒေါ်သန္တာရွှေသိမ်းထားတာ စုစုပေါင်း ဧက ၁ဝဝ ရှိပါတယ်။

ရှေ့နေချုပ် ဦးဝင်းမောင် သိမ်းယူထားတဲ့မြေ
ဒေါ်ဌေးဌေး = ကျမမြေတွေကို ရှေ့နေချုပ် ဦးဝင်းမောင်ကသိမ်းသွားတယ်။ ဧက ၅ဝ ရှိပါတယ်ရှင်။ ကျမတို့ကို ရှေ့နေချုပ် (ဟောင်း) ဦးဝင်းမောင်က ပိုက်နက်ကျူးလွန်မှုနဲ့ ကျမတို့ကို တရားစွဲထားပါတယ်ရှင်။

ဘီဘီစီ = ဦးအောင်သောင်းနဲ့ ဦးဌေးဦးတို့ရဲ ကိုယ်ရေးအရာရှိတွေကတော့ မအားလပ်ဘူးလို့ဖြေတယ်။ သမတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွတ်က သရက်ဇုန်ဟာ သစ်တောကြိုးဝိုင်းနယ်မြေပါ။ တောကလည်း ပလပ်လို့ရတယ် ဆိုတဲ့အတွက်ကြောင့် သရက်စိုက်ပျိုးရေးလုပ်ချင်တဲ့သူတွေကို ခွဲဝေပေးခဲ့တာပါ။ နဂိုတည်းက လုပ်ကိုင်နေတဲ့ လယ်မြေ ပိုင်သူတွေကို လျှော်ကြေးပေးတယ်။ ကျူးကျော်လုပ်ကိုင်နေသူတွေကိုတော့ လျှော်ကြေးမပေးဘူး။
ဘီဘီစီ = ဘာ့ကြောင့် အစိုးရအဖွဲအကြီးအကဲတွေ။ စစ်ဗိုလ်ချုပ်တွေ၊ ကြံ့ခိုင်ရေးကလူကြီးတွေကိုသာ မြေနေရာတွေကြပါလည်း။
သရက်ဇုန် ဖေါ်ထုတ်တော့ လျှောက်လွှာခေါ် အမှန်တကယ်သရက်စိုက်ပျိုးသူတွေကို စိစစ်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာနက ချထားပေးခဲ့တယ်။ စစ်တပ်နဲ့ အစိုးရကလူတွေကိုသာပေးမယ်လို့တော့ ကန့်သတ်ထားတာမရှိဘူး။
တကယ်လုပ်ကိုင်နိုင်စွမ်းရှိသူတွေ
ဘီဘီစီ = အနှစ် ၁၅-၂ဝ-၃ဝ လုပ်ကိုင်စားသောက်နေသူတွေရှိနေပါလျှက်နဲ့ ပုံစံ ၁ဝ၅ နဲ့လုပ်ခဲ့ကြတာဖြစ်တယ်။
ဦးမင်းလွင်ဦး = မောင်းထုတ်လို့မရပါဘူး။ ရွာသားတွေကထောက်ခံတယ်၊ သူကြီးကထောက်ခံရင် သိမ်းရင် လျှော်ကြေး ပေးရမယ်။ စိုက်ပျိုးထားတဲ့သီးနှံမတွက်ပါ လျှော်ကြေးပေးရမယ်။ ၂ဝ၁၂ ခုနှစ် လ်ာယာမြေဥပဒေအရ ဖြစ်တယ်။ ၂ဝ၁၂ အရင်ကသိမ်းတာတွေကိုလည်း သက်ရောက်တယ်။ သစ်တောကြိုးဝိုင်းကနေ ကင်းလွတ်ခွင့်ပေးလိုက်ရင် မြေယာပေါ်မှာ လုပ်ကိုင်စားသောက်နေသူရှိရင် မြေလွတ်မြေလပ်မြေရိုင်းလို့ လုပ်လို့မရပါ။
ဘီဘီစီ = မြန်မာတနိုင်ငံလုံးမှာ မြေဧက သန်းနဲ့ချီပြီး စစ်တပ်၊ အစိုးရ ကုမ္ပဏီတွေကသိမ်းယူထားကြတယ်။ လယ်သမား အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ မြေယာပြဿနာကို ပြေလည်အောင်ဖြေရှင်းရေးဟာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဆက်စပ်နေတယ်ဆိုရင်လည်း မှားမယ်လို့မထင်ပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး