The voyage ဤခရီး နီးသလား

လွန်ခဲ့တဲ့ ၃ နှစ်တိတိကစာ။ ဤခရီး မနီးပါ၊ ဘယ်လောက်ကွာသေးလည်း မပြောနိုင်ပါ၊ ဘယ်ကိုယ်တော် သင်္ကန်းအရင်ရုံရုံဗျာ၊ ဆွမ်းစားတော့ အတူတူ ဘုန်းပေးကြရတာ။

တလှေတည်းမှာစီး ဦးကထိုင်ပါ၊ ကမ်းကိုတော့ အတူတူဆိုက်ကြမှာ။ ပဲ့ကိုင်ကအခယာ၊ တက်ကိုင်သူမှာအရေးပါ၊ ခရီးသည်တွေဟာလည်း လှေအဆင်း မြင်းအတက် သတိမပျက်ကြရမှာ။

ပန်းတိုင်မရောက်ခင် တက်မထောင်ချင်နဲ့တဲ့ဗျာ၊ နှစ် ၁ဝဝ အရင်ကမွေးဖွါး၊ ဗိုလ်ချုပ်စကား မှတ်သားထားကြပါ။

ကျွန်တော်တို့ ရှစ်တန်းမှာသင်ခဲ့ရတဲ့ လီယိုတော်လ်စထွိုင်းရေးတဲ့ အိုင်ဗင်-သည်-ဖူးလ် စာအုပ်ထဲက အိုင်ဗင်ကိုသင်ပေးတဲ့ ကဝေမကြီးစကား မှတ်သားထားပါ၊ ဘယ်လောက်ပြီးပြီလည်း ပြန်မကြည့်နဲ့၊ ဘယ်လောက် ဝေးသေးလည်း လှမ်းမကြည့်နဲ့တဲ့ဗျာ။

ပင်လယ်ခရီးတိုင်းမှာ မေခလာမရှိပါ၊ ကိုယ့်ကိုယ်ကိုသာ အားကိုးကြရမှာ။

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၅
၁၆-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ