Condom question မေးခွန်းတခု

စောစာကပဲ မေးခွန်းတခုလာတယ်။ မကြာခင်လက်ထပ်မဲ့ သတို့သားလောင်းကမေးတာပါ။ သူယူမဲ့ အမျိုးသမီးက အသက်မငယ်တာမို့ ယူပြီးရင် ကလေးမရဖြစ်မလား၊ ကိုယ်ဝန်ဆောင်ရင် ကလေးကိုထိခိုက်မလား။ ကိုယ်ဝန်တားနည်းက ဘယ်နည်းကောင်းသလဲလို့ မေးပါတယ်။

ဒီလိုဖြေလိုက်ပါတယ်။ “သည်အတိုင်းတော့ ပြောမရသေးပါ။ အမျိုးသမီးတွေဟာ သွေးမဆုံးမချင်း ကိုယ်ဝန်ရနိုင်ပါတယ်။ အသက်ကြီးသူဆိုရင် ကလေးမယူသေးပဲမစောင့်တာ ပိုသင့်ပါမယ်။ မရသေးတာကြာလာရင်တော့ ဆေးစစ်ရပါမယ်။ ကိုယ်ဝန်ဆောင်ရင်တော့ မိခင်အသက်ကြောင့် ကလေးမှာ ဘာမှမဖြစ်စေပါ။ (ကွန်ဒွမ်) မှာ ဟော်မုန်းမပါလို့ ကိုယ်ဝန်ကို ဘာမှ မထိခိုက်စေနိုင်ပါ။”

ပြန်မေးလာပါတယ်။ “ကွန်ဒွမ်ဆိုတာ ဆေးလားဆရာ။ သူက စွဲသောက်ရမှာလားခင်ဗျာ။”

ပြန်ဖြေမလို့ စာရိုက်ပြီးသားကို ဖျက်လိုက်ပါတယ်။ “ရီစရာပြန်ပြောတာလားမသိပါ။ မဟုတ်ရင်တော့ ပြန်မေးပါ” လို့သာ ရေးလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး