Be encouraged အားပေးသူတွေများတယ်

ဆရာ အကျိုးတူစီးပွားဖက်တွေပေါ့ဗျာ။ လင်နဲ့မယား လျှာနဲ့သွားဆိုသလို တစ်ခါတစ်လေ၊ အခန့်မသင့်လို့ ကိုက်မိတဲ့ သဘောပါ။

• ဦးကြာနဲ့ ဦးကာ ရန်ဖြစ်တာ အကိုက်ခံရတာက လျှာတော့ မဟုတ်ပါ။
• လိုရင် ညောင်နှစ်ပင်ခေါ်တယ်။ မလိုရင် လေယာဉ်နဲ့တိုက်တယ်။
• ဦးသမတကြီးနဲ့အတူ ဦးကြာတို့ပါ ပါပြီးရေးခဲ့တဲ့ ၂ဝဝ၈ ကြတော့ လေပက်မဝင် လုပ်ထားတယ်။
• ဦးလောက အသေစောပေမဲ့၊ အေရှားကို အမွေထားခဲ့နိုင်တယ်။
• ဦးကြာက အသက်တော့ကြီးပြီ။ နောက်မှပေါက်တဲ့ရွှေကြာပင် လာချင်လာနိုင်တယ်။
• ကိုင်း ရဲဘော်တို့ရေ အားပေးတဲ့ ပရိုဖိုင်း လိုဂိုတွေက များတော့ အားတက်စရာ မဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၅

ဦးကြာ = ဖုန်ကြားရှင်
ဦးကာ = ကာချုပ်
ဦးလော = လောစစ်ဟန်
အေရှား = အေရှားဝါးလ်

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး