Shape of the conference table စားပွဲလည်း အရေးကြီးတယ်

• အသက်ငယ်သူတွေက မီလိုက်ကြမှာမဟုတ်ပါ။ ဗီယက်နမ်စစ်ပွဲကာလအတွင်း တောင်ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ်တို့ကို တွေ့ဆုံဆွေးနွေးကြဘို့ ၁၉၆၈ နှစ်မှာ အမေရိကန်သမတ ဂျွန်ဆင်ကကြိုးပမ်းခဲ့တုံးက အသေးအမွှားလေးကအစ နှစ်ဖက်သဘောမတူကြလို့ ဆွေးနွေးပွဲကို တော်တော်နဲ့မစနိုင်ခဲ့ပါ။
• တောင်ဗီယက်နမ်က အလံနဲ့ နာမည်ကပ်ရေးတာ၊ ဘယ်သူကစပြောမလည်း၊ ကွန်ဖရင့်ရဲ့ အသွင်အပြင် အနေအထား စတာတွေကို တင်လိုက်တယ်။ အဲတာထဲမှာ စားပွဲပုံစံလည်းပါတယ်။
• မြောက်ဗီယက်နမ်က လေးဒေါင့်ပုံစားပွဲကိုဖြစ်ချင်တယ်။ လေးပွင့်ဆိုင်မှာ National Liberation Front (NLF) ကိုပါ သာတူညီမျှဖြစ်ချင်လို့တဲ့။
• အမေရိကန်ကတော့ နှစ်ဖက်တည်းသာပါတဲ့ မျက်နှာချင်းဆိုင်စားပွဲကိုလိုလားတယ်။
• ၂-၁-၁၉၆၉ ရောက်မှသာ Round table စားပွဲဝိုင်းသုံးကြဘို့ သဘောတူခဲ့ကြတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၂-၂ဝ၁၅
ဓါတ်ပုံ = ၁၁-၂-၂ဝ၁၅ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးခန်းမမှာကျင်းပတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးလေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး