Copper IUD ကောပါးတီ မေးခွန်း

12:28 am
ဆရာရှင့် ကျမအသက်က ၃၇ နှစ်ပါ။ သက်ဦးလေးမွေးထားပါတယ်။ ဗိုက်ခွဲမွေးထားပြီး IUD ထည့်ထားပါတယ်။ ကလေး ၃ လတုန်းက မွေးပေးတဲ့ဆရာမကြီးက IUD ပြန်စစ်တော့ စမ်းကြည့်တာ ကြိုးစမတွေ့ဘူးပြောပါတယ်ဆရာ။ သူက ကလေး ၆ လရှိရင် ပြန်လာပြလို့မှာပါတယ်။ ကြိုးစမတွေ့တဲ့အကြောင်းလည်း သူ့ကိုပြန်သတိပေးပါလို့မှာပါတယ်။ ကျမက နယ်ဘက်ပြောင်းရလို့ အခုကလေး ၈ လမှာမှ တခြား OG နဲ့ပြန်ပြဖြစ်တော့ စမ်းကြည့်တာမတွေ့လို့ ultrasound ရိုက်ကြည့်တာ ပိုက်ပဲတွေ့တယ် ကြိုးမတွေ့ဘူး၊ မေ့ဆေးပေးပြီး အသစ်တစ်ခုပြန်ထည့်ရမယ်ပြောတယ်ဆရာ။ ကိုယ်ဝန် ရသွားနိုင်တယ်လို့လည်းပြောပါတယ်ဆရာ။ အခုကလေးက ၉ လရှိပါပြီ။ အကာအကွယ်မသုံးပေမယ့် ကိုယ်ဝန်မရသေးပါ။ IUD အဟောင်းကို မထုတ်သေးရင် ဘာများထိခိုက်နိုင်မလဲ။ တကယ်လို့ကိုယ်ဝန်ပြန်ရလာရင် ကလေးအတွက် IUD က ဘာဆိုးကျိုးရှိမလဲ။ ကြိုးစမတွေ့တာကရော ဘာ့ကြောင့်ပါလဲ။ ကလေးနီးရင် ညာဏ်ရည်မမီတာ၊ ကျန်းမာရေးချို့ယွင်းတာ ဖြစ်နိုင်မလား။ ဘယ်လိုလုပ်တာက ပိုသင့်တော်မလဲဆိုတာ လမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။

ဆောရီး။ ဖြစ်တတ်တယ်။ ကောပါးတီ ခေါ်တဲ့ ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ (တီ) ပုံပစ္စည်းလေးက ထွက်ကျတတ်တယ်။ အဲလိုဖြစ်ရင် နောက်ကိုယ်ဝန် ရသွားတတ်တယ်။ ကြိုးနဲ့ (တီ) တခြားစီဖြစ်တာက ထုတ်လုပ်တဲ့ဆီက အားနည်းချက်ဖြစ်နိုင်တယ်။ ကြိုးက ကိုယ်ဝန်တားဘို့မှာ မဆိုင်ပါ။ ရှိနေမှန်းသိဖို့နဲ့ ပြတ်ထုတ်ရင် လွယ်ကူဖို့သာ အသုံးဝင်တယ်။

ဆရာ့အမြင်ကတော့ ပိုက်ခေါ်တဲ့ (တီ) က သားအိမ်ထဲမှာရှိနေရင် နောက်ကိုယ်ဝန်မရနိုင်ပါ။ ပြန်ထုတ်ရင်တော့ ဆရာ (OG မဟုတ်ပါ) ဆိုရင် သားအိမ်ခြစ်သလို သားအိမ်အဝကို နည်းနည်းချဲ့ပြီး ထုတ်ယူမယ်။ သားအိမ်ထဲမှာသာရှိနေရင် ခွဲဖို့မလိုပါ။ သားအိမ်ပြင်ဖက် ထွက်တာဆိုရင်တော့ ခွဲထုတ်ယူရမယ်။

Intrauterine device (IUD) ထည့်တာမှာ သတိထားစရာတွေရှိတယ်။
(၁) Menstrual problems ရိုးရိုး၊ အများသုံး ဟော်မုန်းမပါတဲ့ Copper T ရာသီများတတ်တယ်။ Hormonal IUD ဟော်မုန်းပါတာဆိုရင် ရာသီနည်းတတ်တယ်။
(၂) Perforation သားအိမ်ကနေပေါက်ထွက်နိုင်တယ်။ လူ ၁ဝဝဝ မှာ ၁ ယောက်ဖြစ်နိုင်တယ်။
(၃) Expulsion အပြင်ဖက်ထွက်ကျနိုင်တယ်။ လူ ၁ဝဝ မှာ ၂ ယောက်ကနေ ၁ဝ ယောက်မှာ သားအိမ်ထဲကနေ၊ သားအိမ်ဝ၊ ဗဂျိုင်းနားကနေ ရာသီဆင်းချိန်မှာ အပြင်ဖက်ထွက်ကျတတ်တယ်။ သုံးကာစလပိုင်းတွေမှာဖြစ်တတ်တယ်။ ကလေးမွေးပြီးစ ထည့်သူတွေမှာပိုဖြစ်တယ်။

ကလေးနီးလို့ ကလေးဉာဏ်ရည် ထူးစရာမရှိပါ။

(သားဦး) လို့သာ ရေးရတယ်။ (ဉာဏ်ရည်) လို့ရေးရတယ်။

ဒေါက်တာတင့်ဆွေ
၆-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး