ဆေးပညာဘွဲ့ (မန္တလေး)

9:38PM
hello...ဒေါက်တာ မေးစရာလေးရှိလို့ပါ

Dr. Tint Swe မေးနည်းစည်းကမ်း ပို့လိုက်။

10:39PM
အသက်က ၁၈နှစ်ပါ ယောက်ျားလေးပါ ကိုယ်ဝန်ရှိတာ ၁ လရှိပါပြီ။ အဲ့ဒါဖျက်ချချင်လို့ပါ

Dr. Tint Swe မေးနည်းစည်းကမ်း ထပ်ပို့လိုက်။

ကျွန်တော်က မြန်မာပြည်ကနေ ဆေးပညာဘွဲ့ယူထားလို့ စည်းကမ်းလိုက်နာပါတယ်။ ကိုယ်ဝန်ကို တမင်ဖျက်မပေးပါ။ ဆေးနည်းလဲမညွှန်ပါ။ ဆေးစာတွေသာ စုံအောင်ရေးပါတယ်။ ဆေးဘယ်မှာဝယ်ရမလဲ၊ ဘယ်ဆေးခန်းကနေလုပ်ပေးသလဲ မမေးပါနဲ့။ မသိပါ။ ဆောရီး။

ခုခေတ်ကို လိုက်မမီပါ။ စောစောကလေးတင် အကောင့်အနာမည်က သေချာပေါက် မိန်းကလေး။ မေးနည်းစည်းကမ်း ပို့တော့ ယောက်ျားလေးပါတဲ့။ ကျွန်တော် အတော် ခေတ်နောက်ကျကျန်ရစ်ခဲ့ပြီပဲ။

ဒေါက်တာတင့်ဆွေ
၎-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး