Cap ကက်ပ်

ကျွန်တော့်တူမတယောက်က Addas ဦးထုပ်နဲ့ပုံ တင်ထားတယ်။

အတော်ငယ်ငယ်တုန်းက အယ်ဒိတပ်စ် ဆိုရင် အားကစားဖိနပ်ပဲသိတာ။ နောက် ကက်ပ် ဖြစ်လာရော။ Smile!

သားအငယ်ဆုံး အတော်ငယ်ငယ်က ဘောလုံးပွဲမှာ အသန့်ရှင်းဆုံးအားကစားသမားဆိုတာ ဘောလုံးပွဲပြီးတော့ ဘောင်းဘီနဲ့ ဂျာစီ ပေပွခြင်းမရှိဆုံးလူကို ဆုပေးတာလို့ ထင်သတဲ့။

အာကစားသတင်းထောက်တယောက် အလုပ်ဝင်ကာစမှာ ရေးတယ်။ အဝေးဂိုးဆိုတာ ဟိုအဝေးကြီးကနေ ကန်သွင်းတာတဲ့။

ကျွန်တော် ဒီတိုင်းပြည်ရောက်စမှာ မြေးအကြီးဆုံးကဝယ်ပေးတဲ့ နိုက်ကီဦးထုပ် ဟောင်းသွားပြီ။ အသစ်ဝယ်ရဦးမယ်။ ဝယ်ပေးမဲ့သူကို စောင့်နေတယ်။ Smile!

Addas နဲ့ Nike စာလုံးတွေမှာ အသံထွက်နည်း ၂ နည်းစီရှိကြတယ်။
How To Pronounce adidas https://www.youtube.com/watch?v=zqkwHo8G8A4
How To Pronounce Nike https://www.youtube.com/watch?v=w-X1uqkYx6s

ဒေါက်တာတင့်ဆွေ
၃-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး