Civil war ပြည်တွင်းစစ်

ပြည်တွင်းစစ်ဆိုတာ စုစည်းမှုရှိတဲ့အဖွဲ့တခုနဲ့ အစိုးရကြားစစ်ဖြစ်တာကိုခေါ်တယ်။ အမေရိကန်ပြည်ထောင်စုထဲမှာ ဖြစ်ခဲ့တာတော့ ထူးခြားတယ်။ ရည်မှန်းချက်ကတော့ သူ့နယ်မြေဆိုတာကို လွတ်လပ်ရေးရချင်လို့ဖြစ်တယ်။ ၁၉၄၅ နောက်ပိုင်း ပြည်တွင်းစစ်ကြောင့် သေဆုံးရသူပေါင်း ၂၅ သန်းရှိပြီ။ နေရာရွေ့ပြောင်းနေထိုင်ရတာ မပါသေးဘူး။ ဆိုမာလီ၊ မြန်မာ၊ ယူဂန်ဒါနဲ့ အင်ဂိုလာတွေကနမူနာတွေဖြစ်ကြတယ်။ ပြည်တွင်းစစ်တွေဟာ အများစုက ၄ နှစ်ကျော်ကျော် ကြာတယ်။ မြန်မာပြည်မှာက အကြာဆုံးလို့ စံချိန်တင်ထားတယ်။

ပြည်တွင်းစစ်တွေ ဘာကြောင့်ဖြစ်ရသလည်း။ လောဘတရားနဲ့ နစ်နာမှုတွေကြောင့်ဖြစ်တယ်။ (၁) တိုင်းရင်းသား မျိုးမတူသူတွေ၊ ကိုးကွယ်ရာဘာသာ မတူသူတွေ၊ လူမှုရေးရာကွဲပြားသူတွေအကြားစစ်ဖြစ်ကြတယ်။ (၂) စီးပွါးရေး အကျိုးအမြတ်အတွက် တိုက်ကြတာ။ ပညာရှင်အများစု လက်ခံကြတာကတော့ စီးပွါးရေးနဲ့ တည်ဆောက်မှုအခြေခံ တွေကနေ ဖြစ်စေတယ်။

၂၁ ရာစုအစောပိုင်းမှာ ပြည်တွင်းစစ်တွေဘာလို့ဖြစ်သလည်းဆိုတာကို ကမ္ဘာ့ဘဏ်ကနေလေ့လာခဲ့တာရှိတယ်။ Collier–Hoeffler Model ကိုလီယာ-ဟော့ဖလာ မော်ဒယ်လို့ခေါ်တယ်။

ငွေကြေးရနိုင်မှုကြောင့် ဥပမာတခုကတော့ ဆာရာလီယွန်းမှာ စိန်ထွက်လို့ဖြစ်ခဲ့တယ်။ အခွင့်အလမ်း မျှော်ခိုးချက် အတွက် ၁၉၄၇-၄၈ မှာ ဗြိတိသျှပိုင် ပါလစ်စတိုင်းမှာဖြစ်ခဲ့တယ်။ စစ်ရေးအသာစီးရမှုကြောင့် ၁၉၄၆ မှာ တရုပ်ကွန်မြူနစ်တွေ Battle of Siping စစ်ပွဲတိုက်ခဲ့တယ်။ နစ်နာချက်တွေကြောင့်ဆိုတာမှာ စီးပွါးရေးအတွက်မဟုတ်ပဲ နစ်နာနေသူတွေက သူတို့ရဲ့ သွင်ပြင်လက္ခဏာကို ရချင်လို့လက်နက်စွဲကိုင်ကြတယ်။ အဲတာထဲမှာ စီးပွးရေးသာတူညီမျှမှု၊ နိုင်ငံရေးအခွင့်အရေး၊ တိုင်းရင်းသာစုစည်းမှု၊ ဘာသာရေးကွဲပြားမှုတွေပါဝင်တယ်။ လူဦးရေအရွယ်အစားများရင် ဖြစ်နိုင်ချေပိုများတယ်။ ပြည်တွင်းစစ်ဖြစ်ထားပြီးရင် နောက်တခါထပ်ဖြစ်ဘို့ခဲယဉ်းတယ်။ တခြားအကြောင်းတွေလည်းရှိတယ်။

ပြည်တွင်းစစ်တွေ ဘယ်လောက်ကြာတတ်သလည်း
• Spanish Civil War (1936-1939) စပိန်၊
• Sri Lankan Civil War (1983-2009) သိရိလင်္ကာ၊
• Guatemala (1960–1996) ဂွါတီမာလာ၊
• El Salvador (1979–1991) အယ်လ်ဆာဗာဒို၊
• Nicaragua (1970–1990) နိုက်ကာရာဂွါ။

Internal conflict in Burma မြန်မာပြည်ကပဋိပက္ခကတော့ ရှုတ်ထွေး၊ များပြား၊ ရှည်လျားလှတယ်။
• ကရင် KNU (since 1949)
• ကရင် DKBA (since 2010)
• ကွန်မြူနစ် Communist Party (1948–1988)
• ကွန်မြူနစ် Red flags (1948–1978)
• ကိုးကန့်NDAA (since 1989)
• ရှမ်း SSA (since 1988)
• ရှမ်း SSNA (1995–2005) WNA (1975–1988)
• ဝ UWSP (since 1988)
• ကချင် KIO (since 1961)
• ပအို့ PNO (1949–1991)
• ရှမ်း Mong Tai Army MTA Khun Sa (1985-1996)
• ကူမင်တန် တရုပ်ဖြူ Kuomintang (KMT) (1948–1962)
• ဘုရာသခင်းတပ်မတော် God's Army (1997–2006)
• ကျောင်းသားတပ်မတော် ABSDF (since 1988)
• ရှမ်း Shan State Volunteer Force (SSVF) (1967–1980)
• ရှန်း Shan State Army (SSA) ရှမ်းပြည်တပ်မတော်ကို ၁၉၆၄ မှာဖွဲ့ခဲ့တယ်။ ၁၉၇၆ မှာဖျက်ရပြီး Shan State Army-South တောင်ပိုင်းတပ်နဲ့ Shan State Army-North မြောက်ပိုင်းတပ်လို့သီးခြားဖွဲထားတယ်။ တောင်ပိုင်းတပ်ကို Shan State Army/Restoration Council of the Shan State (SSA/RCSS) လို့လည်း ခေါ်တယ်။
• Mujahideen မူဂျာဟီဒင် = ၁၉၄၉ ကတည်းက ရခိုင်ဒေသမှာ မွတ်ဆလင်သူပုန်တွေရှိတယ်။ Mir Kashem မာ ကက်ရှန် က Mujahids မူဂျာဟစ်ခေါင်းဆောင်ဖြစ်တယ်။ ၁၉၅ဝ ကျော်မှာ နှိမ်နင်းခံရတယ်။ ခေါင်းဆောင်သူ Cox's Bazar ထွက်ပြေးတော့ အသတ်ခံရတယ်။

Ceasefires in Burma အပစ်ရပ်စဲရေးများ
• ကိုးကန့် National Democratic Alliance Army (NDAA), Special Region 1, Shan State  21-3-1989
• ဝ United Wa State Army (UWSA), Special Region 2, Shan State 9-5-1989
• ရှမ်း National Democratic Alliance Army (NDAA), Special Region 4, Shan State  30-6-1989 
• ရှမ်း Shan State Army (SSA)  Special Region 3, Shan State, 2-9- 1989
• ကချင် New Democratic Army (Kachin) (NDA-K), Special Region 1, Northeast Kachin State, 15-12-1989 
• ကချင် Kachin Defence Army (KDA), Special Region 5, Northern Shan State 13-1- 1991 (Former 4th Brigade of the KIO)
• ပအို့ Pa-O National Organization (PNO), Special Region 6, Southern Shan State 11-4- 1991 
• ပလောင် Palaung State Liberation Army (PSLA)  Special Region 7, Northern Shan State 21-4- 1991 
• ကယန်း Kayan National Guard (KNG), Special Region 1, Kayah State 27-2-1992 
• ကချင် Kachin Independence Organization (KIO), Special Region 2, Kachin State 24-2- 1994 (Ceasefire broke down on 9-6-2011)
• ကရင်နီ Karenni State Nationalities Peoples' Liberation Front (KNPLF), Special Region 2, Kayah (Karenni) State 9-5-1994 
• ကယန်း Kayan New Land Party (KNLP), Special Region 3, Kayah (Karenni) State 26-7- 1994 
• ရှမ်း Shan State Nationalities Peoples' Liberation Organization (SSNPLO) Southern Shan State 9-1- 1994 
• မွန် New Mon State Party (NMSP), Mon State 29-6-1995
• ကရင် Democratic Karen Buddhist Army (DKBA) Karen State 1995 
• ရှမ်း Mongko Region Defence Army (MRDA), Shan State 1995 (Split from Myanmar National Democracy Alliance Army)
• ရှမ်း Shan State National Army (SSNA), Shan State 1995 
• ကရင်နီ Karenni National Defence Army (KNDA), Karen State 199 (Split from KNPP)
• ကရင် Karen Peace Force (KPF), Karen State 1997 (Former 16th Battalion of the KNU
• ရခိုင်ကွန်မြူနစ် Communist Party of Burma (Arakan Province) (CPB), Rakhine State 1997 
• မွန် Mon Mergui Army (MMA), Mon State 1997 (Split from NMSP)
• ကရင် KNU Special Region Group Toungoo (KNU), Bago Division 1997 
• ကရင်နီ Karenni National Progressive Party (KNPP), Kayah State 2005 (Ceasefire broke down within 3 months)
• ရှမ်း Shan State Army – South (SSA-South), Shan State 2006 
• ကချင် New Democratic Army-Kachin (NDAK), Kachin State Ceasefires in Burma 2007 
• ကရင် Kayan National Liberation Army (KNLA), Karen State 2007 (Former 7th Battalion of the KNU)
• ကရင် Democratic Karen Buddhist Amy (DKBA) 3rd Brigade, Karen State 3-11- 2011 (Fighting resumed on 19-2-2012)
• ကရင် Kaloh Htoo Baw armed group, Karen State 5-11- 2011 (Former DKBA)
• ချင်း Chin National Front (CNF), Chin State 8-1- 2012
• ကရင် Karen National Union (KNU), Karen State 7-2- 2012
• ရှမ်း Restoration Council of Shan State (RCSS), Shan State 17-1- 2012 (Political arm of Shan State Army)
• ရှမ်း Shan State Progressive Party (SSPP), Shan State 28-1- 2012 (Political arm of the Shan State Army)
• မွန် New Mon State Party (NMSP), Mon State 31-1-2012
• ကရင်နီ Karenni National Progressive Party (KNPP), Kayah State 6-3- 2012

ဒေါက်တာတင့်ဆွေ
၁၃-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး