Drugs used in the military စစ်သုံးဆေးများ

ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲသတင်းတွေကို ဘက်အမျိုးမျိုးက မတူတာတွေတင်နေကြတယ်။ စစ်သားတွေကို မြင်းဆေး တိုက်သလားဆိုတာ။ နောက်ပြီး ဆရာဝန်အဖို့မှာ MDMA နဲ့ MNDAA ကရောနေတယ်။ MNDAA ဆိုတာ Myanmar National Democratic Alliance Army ကိုးကန့်တပ်ဖွဲ့။ MDMA ဆိုတာ 3,4-methylenedioxy-methamphetamine စိတ်ကြွဆေးဖြစ်တယ်။

၁၉၉ဝ ကျော်မှာ လူငယ်တွေအကြား MDMA ခေတ်စားလာတယ်။ Ecstasy လို့လည်းခေါ်တယ်။ Narcolepsy ရောဂါ နဲ့ ADHD ရောဂါတွေမှာ ကုသဆေးအဖြစ်သုံးတယ်။ အားဆေးလိုဖျော်ရည်တွေထဲမှာ အနည်းနဲ့အများပါနေတယ်။ Amphetamines (အမ်ဖက်တမင်း) ဟာ တရားမဝင်ဆေးဖြစ်ပေပေမဲ့ ၂ဝဝ၇ UNODC ရဲ့ ခန့်မှန်းချက်အရ လူပေါင်း ၁၅-၅ဝ သန်း သုံးနေကြတယ်။

ဇာတ်လမ်းရှိပါတယ်။ နာမည်ကြော်အဆိုတော် Elvis Presley ပရက်စလေဟာ စစ်မှုထမ်းဥပဒေအရ ဥရောပသွားရတယ်။ သူ့ကိုရဲဘော်တွေက Amphetamines နဲ့တခြားစိတ်ကြွဆေးတွေနဲ့ မိတ်ဆက်ပေးတယ်။ စိတ်တက်ကြွနေအောင်၊ ကင်းလှည့်တာဝန်မှာ ပြင်းမနေရအောင်လို့ပြောကြတယ်။ အဆိုတော်ဟာ စစ်ထဲကပြန်ရတော့ ဆေးသမားဖြစ်လာပြီ။ သူသေတော့ ဆေးအလွန်အကြွံဖြစ်လို့ သေဆုံးတယ်လို့ မှတ်ချက်ပေးခံရပါတယ်။

၁၉၉၉ ကတည်းက လူပေါင်း ၁၇ဝဝဝ ကို အမေရိကန်စစ်တပ်ကနေထွက်ခိုင်းခဲ့ရတာဟာ အဲလိုဆေးကြောင့်ဖြစ်တယ်။ ရေတပ်ကပိုများတယ်။ ဆေးစစ်လို့ကျသူပေါင်း လေတပ်မှာ ၈၂% နဲ့ ကြည်းတပ်မှာ ၂၇% တိုးလာတယ်။

ဘယ်လိုဆေးတွေကို သုံးကြသလည်း။
• Marijuana ဆေးခြောက်။ ရှာရတာလွယ်တယ်။ စိတ်ဖိအား ကိုယ်ဖိအားနည်းစေတယ်။
• Cocaine and other stimulants ကိုကိန်းနဲ့ တခြားစိတ်ကြွဆေးတွေ။ တာဝန်မှာတာရှည်ထမ်းဆောင်နေရသူတွေက Amphetamines နဲ့ Cocaine ကိုကိန်း သုံးကြတယ်။ ဆေးသုံးပြီးဖြစ်တာကို Crash ခေါ်တယ်။ သွားပြီ။ အရေးပေါ်ခေါ်ရင် မလုပ်နိုင်တော့ဘူး။
• Opiates ဘိန်းတွေ။ Vicodin နဲ့ OxyContin ဆေးတွေဖြစ်တယ်။ Euphoric effects အရာရာ သာယာနေတယ်လို့ အထင်ရောက်စေတယ်။

ဘာလို့သုံးကြသလည်း
• Stress စိတ်ဖိအားများခြင်း၊
• Access ရှာလို့ဝယ်လို့ရခြင်း၊
• Inactivity ဘာမှတခြားလပ်ြစရာမရှိနေရခြင်း၊
• Alertness သတိရှိနေခြင်း၊

ဘာအန္တရယ်တွေရှိသလည်း
• Risking one’s own personal safety ကိုယ့်အသက်အန္တရယ်ကိုမကာကွယ်နိုင်ခြင်း၊
• Putting their comrades in jeopardy ရဲဘော်ရဲဖက်တွေကို ဒုက္ခပေးခြင်း၊
• Creating the wrong kind of environment မှားယွင်းတဲ့ပတ်ဝန်းကျင်ဖြစ်စေခြင်း၊

ဒုတိယ-ကမ္ဘာစစ်တုံးက ဂျာမန် တင့်ကားမောင်း စစ်သားတွေကို မအိပ်ချင်အောင်ပေးတယ်။ စိတ်ဓါတ်ကျနေသူတွေကိုလဲ ပေးတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး