Hygiene trip အလောင်းတော်ကသဖ

ကျွန်တော် ပုလဲမှာ မြို့နယ်ဆရာဝန်လုပ်တုံးက ဆေးမန်းက ဆေးကျောင်းသူ-ကျောင်းသားတွေ လာပြီးလေ့လာကြတဲ့ ဓါတ်ပုံဟောင်းလေးတွေ။ ဒေါက်တာခင်ခင်ချိုကို ကျေးဇူးတင်ပါတယ်။

Cho Tpn သားကြီတို့ Liver ward က အလောင်းတော်ကဿသဖသွားဖူးကြမယ် ဆိုတော့ Part-1 trip တုံးက ပုလဲမြို့နယ် ဆရာဝန်ကြီး Dr. ဦးတင့်ဆွေ စေတနာထား စီစဉ်ပို့ဆောင်ပေးခဲ့လို့ဖူးခဲ့ရတာကို အမှတ်ရကျေးဇူးတင်မိပါတယ်။

• ချင်းတွင်းကို ကူးပြီးသော်၊ ပုလဲ-ဂန့်ဂေါလမ်းပေါ်ရောက်၊
• လက်ပန်းတောင်းက အသံတွေကြားလောက်၊
• ဒိနောက် ဆားလင်းကြီးနယ်ဝင်၊ ယင်းမာပင်ဆက်သွား၊
• ဘုရားဖူးချင် ဖိုးဝင်းတောင်ဝင်၊ ကန့်ဓါတ်ပါရေပူချိုးချင် ရွာသာရွာဝင်၊
• ပုလဲမရောက်ခင် လမ်းအကူး၊ အလောင်းတော်ကဿပ အနောက်စူးစူး။

ဆရာ ရေပူစမ်းက ရေချိုးရင် လူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရပါသလဲရှင့်။

တခုနဲ့တခုတော့ မတူပါ။ ယင်းမာပင်က ရွာသာရေပူစမ်းမှာ ကန့်ဓါတ်ပါတယ်။ ဗက်တီးရီးယားတွေကို သေစေတယ်။ ဆာလ်ဖါနဲ့မတည့်သူတွေတော့ မသင့်ပါ။ ရေနွေးရဲ့သဘောက သွေးလှည့်ပါတ်တာကို ပိုစေလို့ ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၆-၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး