အမိန့်ရထန်းရည်ဆိုင်
သတ်ပုံအကြောင်းလေးတွေရေးတိုင်း တချို့က ခေတ်အလျှောက်ပြောင်းတယ်လို့ ဆင်ခြေပေးကြတယ်။ တချို့ကလည်း ရေးတော့အမှန် ဖတ်တော့အသံဆိုပြီး သံရောင်လိုက်ပြောကြတယ်။ တစ်လို့ရေးထားတာကို တသံထွက်လို့မရပါ။ ခေါင်းကိုက်ကို ဂေါင်းကိုက်လို့ထွက်ရတာကသာ အဲဒီထုံးနဲ့ကိုက်ညီတယ်။ ရှေးသုံးတချို့ကို့ ပြင်လာတာတွေ အထင်ကရ ရှိပါတယ်။ မများလှပါ။ အဲလိုပြောင်းတာက ခက်တာကို ဆိုလိုချက်မပျက်စေပဲ လွယ်အောင်ပြောင်းတာဖြစ်တယ်။
၍့
၏့
ကျမ္မာရေး၊
စွဲး
စဲး
ထဲး
ဆြာ၊
မင်းသ္မီး၊
မိုဃ်း
မဲးဇာ
မှု့
ယ္ခင်၊
မြမ္မာ
သ္ခင်
သ္ခင်၊
သဲး
ဥူး
ဧး
တချို့သတ်ပုံတွေကတော့ အမိန့်အာဏာနဲ့ လုပ်ပိုင့်ခွင့်နဲ့ ပြောင်းခိုင်းတာဖြစ်ပါတယ်။ သမတကို သမ္မတရေးစေတာ၊ တခါတရံကို တစ်ခါတစ်ရံလို့လုပ်တာတွေက တမင်တကာခိုင်းထားတာဖြစ်တယ်။ အရင်ရေးနေတာက မှားနေလို့မဟုတ်ပါ။ လွယ်နေတာကို ခက်စေချင်တဲ့စေတနာအမိန့်ဟာ အမိန့်ရထန်းရည်ဆိုင်လိုပဲ။ အမိန့်ရထားတော့ ရာဘာဖိနပ်လည်း ရောလို့ရတယ်။ အဲတာကို ဝယ်သောက်နေသူတွေ အတော်ပေါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment