တောသူဖွဲ့ လေးဆစ်ကဗျာ (ဦးကြော့)

နုသားတော် ဝါဝါညက်ကယ်နှင့်
ရှုစားတော် ခါခါမက်စေဘို့
ကလျာသက် (ရယ်တဲ့) လှမျက်မှန်။

ယဉ်တနဲ
ဆင်တဲ ဘိုကရိုနှင့်
နဂိုကို အလွန်ချောတာမို့
တောနှင့်မတန်။

သတင်းမော် ကျော်တယောက်ဟာမို့
မင်းကတော် ခေါ်စလောက်ပါတဲ့
တောက်ခေါက်မိ အော့့် တို့ကံငယ်
ပန်ဆိုမိ ဆုထူး။

ငွေ ယုံလွှာ
ရွှေပုဏ္ဏာ စံပြည်မြို့ဆီသို့
ထံပို့လျှင် တော်ပါလေငဲ့
မာလာငွေ သန္ဓေမွေ့သူမို့
တရပ်နေ တဒင်တွေ့တို့မှာ
(ခင်လေးရယ်) ပြောမေ့နိုင်ဘူး။

မှတ်ချက် = ယဉ်တစ်နဲ မဟုတ်။ ကျော်တစ်ယောက်ဟာမို့  မဟုတ်။ တစ်ရပ်နေ မဟုတ်။ တစ်ဒင်တွေ့တို့မှာ မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး