Exluton တားဆေး နှင့် မျှားမဟုတ် မြှားမဟုတ် မြား
ဆရာ ဆေးကဒ် (မြှား) သောက်တာ တလုံးအောက်ကျသွားလို့ပါ အစက ပြန်သောက်ရမှာလား မနက်ဖြန်မှ နောက်လုံးတွေ ဆက်သောက်ရမှာလားဆရာ ကျေးဇူးပြု၍ ဖြေပေးပါနော် ပုံမှန်သောက်နေကျက ၅နာရီခွဲပါ
မျှားမဟုတ်၊ မြှားမဟုတ်၊ မြားလို့ ရေးရတယ်။ ဆေးကုမ္ပဏီတွေကပါ မှားနေကြတယ်။
ကိုယ်ဝန်တားဆေးကပ်တွေမှာ နံပတ်၊ မြား၊ တနင်္ဂနွေ-တနင်္လာတွေပါတာက မှတ်သားရ လွယ်အောင်သာဖြစ်တယ်။ ဆေးအရောင်တူရင် ဆေးလည်း တူတယ်။ အရောင်တူ ၂၁ လုံးကနေ တနေ့တပြားကျ သောက်ရမယ်။ တရက်မေ့သွားရင် သတိရတာနဲ့ ၂ ပြားသောက်ပြီး နောက်ရက်တွေ ပုံမှန် တနေ့တပြားသောက်။ ၂ ရက်မေ့ရင် စိတ်မချရတော့။ တားဆေးကို ရာသီလာတဲ့ရက်ကနေ စသောက်ရတယ်။ မသောက်ခင် ကိုယ်ဝန်ရှိမနေစေရ။
Pills Q and A တားဆေး အမေးအဖြေ https://doctortintswe.blogspot.com/2014/12/pills-q-and-1.html
မေးတဲ့သူ အသက် မသိ။ တားဆေးအတွက် ဆေးသောက်သူအသက် အရေးကြီးတယ်။ ၃၅ နှစ်ကျော်သူတွေက ဆေးရွေးရတယ်။
ဒေါက်တာတင့်ဆွေ
၁၂-၉-၂၀၁၉

Comments
Post a Comment