News from history ခေတ်နဲ့ညီတဲ့ သမိုင်းထဲကသတင်း

အခုရက်တွေမှာ ကျောင်းသားတွေသတင်းက ထိပ်မှာရှိတယ်။ တယောက်ကနေ ကျောင်းသားတွေကို ၁၉၈၈ တုံးကလို သံဃာတော်တွေက စောင့်ရှောက်ပေးတော်မူပါဘုရားလို့ စာရေးတာလဲ ဖတ်ရတယ်။ သမ္မတကြီးသတင်းနဲ့ ဘုန်းကြီး သတင်းလည်း အတော်ပေါ်ပြူလာဖြစ်ပါတယ်။ ဘာသာခြားအရေးလဲ ပူလောင်နေဆဲပဲ ရှိသေးတယ်။

ဆန္ဓပြတာ၊ သမ္မတကြီး၊ ဘုန်းကြီးနဲ့ ဘာသာခြားဆိုတာတွေပေါင်းစပ်ပြီး ဖဆပလခေတ်ကို သွားသတိရတယ်။

နိုင်ငံတော်သမတကြီးတပါး ဧရာဝတီတိုင်းကို တိုင်းခန်းလှည်လည်သွားတဲ့အခါ သဘောင်္နဲ့သွားရတယ်။ ဘုန်းကံက နည်းတော့ မိုဘိုင်းရေအိမ်သာ သွားလေရာမပါရှာဘူး။ အဲသည်ခေတ်က သမတရေးရာမှာလည်း မနှစ်လုံးမဆင့်ပါ။ သမတကြီးမလာခင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ကြရတယ်။ ဖဆပလစည်းရုံးရေးမှူးတယောက်ကို နှိုးဆောင်သူတာဝန် ပေးထားတယ်။ သူက အင်မတန်စိတ်အားတက်ကြွတယ်။ “လူထုကြီးခင်ဗျား သမတကြီးကြွချီလာပါပြီ” ဆိုတဲ့ တကြောင်းတည်းသောဝါကျကို ကျကျနနအသံနေအသံထားနဲ့ ရက်ပေါင်းများစွာ လေ့ကျင့်ထားပါတယ်။

သမတကြီးစီးတဲ့သဘောင်္လဲ ဆိပ်ကမ်းကိုကပ်၊ ကုန်းဘောင်တော်လည်းခင်း၊ စည်တော်ကြီးလဲညည်းယွန်း။ သမတကြီးလဲ တောင်ရှည်ပုဆိုးကို ဟန်ပါပါနဲ့ကိုင်၊ ဆင်းတော့မယ်ဟန်ပြင်ချိန်မှာ နှိုးဆော်ရေးသမားကလည်း အချိန်ကိုက် အသံချဲ့စက်နဲ့ အော်လိုက်ပါတယ်။ “သမတကြီးခင်ဗျား လူထုကြီးကြွချီလာပါပြီ” တဲ့။

နောက်တခုလဲရှိသေး။
အဲဒီခေတ်မှာလည်း ဘုန်းတော်ကြီးတွေက ဆန္ဒပြကြတယ်။ ခေတ်ချင်းကွာတာက ရဲတွေက ဘုန်းကြီးနားမကပ်ရဲကြ။ စစ်သားတွေကလည်း ဝေလာဝေး။ အဲတာနဲ့ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ သာသနာရေးဝန်ကြီးကလာပြီး ဘုန်းကြီးတွေကို လျှောက်ထားတောင်းပန်ပါတယ်။

“အရှင်ဘုရားတို့ ပြန်တော်မူကြပါဘုရား”။ “အရှင်ဘုရားတို့ ပြန်တော်မူကြပါဘုရား” တဲ့။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး