Prospect of Myanmar language မြန်မာစကား အလားအလာ

• ဖေ့စ်ဘွတ်မှာ Emotion icons အီမိုရှင်းသင်္ကေတတွေကို သုံးနေကြတယ်။ ကျွန်တော်တော့ တချို့အရုပ်တွေကို ငိုတာလား၊ ရီတာလားမခွဲခြားတတ်ပါ။ Egyptian hieroglyphs အီဂျစ်အရုပ်စာခေတ်ကို ပြန်သွားနေသလိုပဲ။

• တကယ်ပါ = ဂယ်ပါ
• ကိုယ့်ဟာကိုယ် = ကွကို

• မြန်မာစာ မြန်မာစကား = ရေးတော့အမှန် ဖတ်တော့အသံ၊
• ဘာသာစကား အလေးမထားသူများ = ပြောတော့အမှား ရေးတော့အလွဲ၊
• မြန်မာစာ မြန်မာစကား အလားအလာ = မှား၊ လွဲ၊ ပျောက်ကွယ်၊ သေ။

• ကမ္ဘာမှာ Dead Languages သေသွားသလောက်ဖြစ်နေတဲ့ ရှေးဟောင်းဘာသာစကားတွေရှိတယ်။
၁။ Ancient Greek ရှေးဟောင်းဂရိ၊
၂။ Latin လက်တင်၊
၃။ Old Norse အိုက်စလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင် နို့စ် လက်ဟောင်း၊
၎။ Ancient Egyptian ရှေးဟောင်းအီဂျစ်၊
၅။ Sanskrit ဆန်းစ်ခရစ် (သင်္သကရိုက်၊ သက္ကတဘာသာ)
၆။ Middle English အလယ်ခေတ် အင်္ဂလိပ်၊
၇။ Aramaic အရှေ့အလယ်ပိုင်းဒေသ အာရာမစ်၊
၈။ Coptic ရှေးဟောင်းအီဂျစ် ကော့်ပ်တစ်၊
၉။ Biblical Hebrew ကျန်းစာသုံး ဟီဘရူး၊

နံပါတ် (၁ဝ) မှာ Myanmar မြန်မာစာမြန်မာစကား ထည့်ရမလားမသိပါ။ မြန်မာစာမြန်မာစကား သေမသွားစေချင်ပါ။

ဒေါက်တာတင့်ဆွေ
၅-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး