Speech Disorders စကားပြောမူမမှန်ခြင်း

Why do blacks speak improperly? အမဲတွေက ဘာလို့စကားကို မဖွယ်မယာပြောကြသလဲမေးခွန်းကို (အွန်လိုင်း) မှာ ဒီလို (ကွန်မင့်) တွေပေးကြတယ်။
• ပုံမှန်စကားပြောဘို့ အချိန်မရှိကြလို့။
• ပုံမှန်စကား မပြောတတ်လို့။
• ဘန်းစကားပြောရတာ အရသာရှိလို့။
• အဲလိုပြောတာက တီထွင်မှုဖြစ်တယ်။ ဆန်းသစ်တယ်။
• ပုံမှန်စကားပြောတတ်အောင် စာသင်မထားလို့။
• လူတွေက စိတ်ဝင်စားကြစေချင်လို့။
• (ရက်ပါ) တွေလို ပေါ်ပြူလာဖြစ်ချင်လို့။
• ကျမလဲ အမည်းမပါ။ ဒါပေမဲ့ အဲလို မတော်တာမပြောပါ။ ထုံအတယ်လို့လဲ ခေါ်ချင်ခေါ်ပေါ့။

Speech Disorders စကားပြောမူမမှန်ခြင်းရောဂါဆိုတာရှိတယ်။
၁။ Stuttering စကားထစ်ခြင်း၊
၂။ Cluttering စကားလုံးထွေးပြောခြင်း၊
၃။ Articulation disorders စကားမပီသခြင်း၊
၎။ Apraxia (dyspraxia) စကားပြာရာမှာသုံးရတဲ့ကြွက်သားတွေက ပူးတွဲလုပ်ဆောင်တာ မူမမှန်လို့ဖြစ်ခြင်း။

ဗမာတွေ ဗမာစကားကို မပီကလာ မဖွယ်မယာပြောတာကို အားမပေးပါ။ (မွတ်ဂါး) လို့ပြောတာနဲ့ မုန့်ဟင်းခါး ခါးမသွားပါဘူးလို့ ဆင်ခြေပေးမလားမသိပါ။ ခါးတတော့ မခါးပါ။ ကြာရင် ခါးအောက်ထိရောက်မှာတော့ စိုးရိမ်မိပါတယ်။

အပြောမတတ်တော့ ဆဲသလို၊ အထိုင်မတတ်တော့ သလိုရှိပါတယ်။ (ဘောစိ) ဆိုတာဘာလဲ မေးယူရဘူးတယ်။ စကားအရာမှာ အထိုင်မတတ်သလိုမဖြစ်ကြပါနဲ့။

ဒေါက်တာတင့်ဆွေ
၆-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး