Chemotherapy (ခီမို) အတွက် (၁၅) ချက်

• Chemotherapy (ခီမို) လို အတိုကောက်ခေါ်တဲ့ (ခီမိုသာရာပီ) ဟာ ကင်ဆာ (ဆဲလ်) တွေကို သတ်တဲ့ ဓါတုဆေးတွေ ပေးတာ ဖြစ်ပါတယ်။
• ကင်ဆာကို ဆေးပေးကုသနည်းရဲ့ အခြေခံကျတဲ့ ဆိုးဝါးတဲ့အချက်တခုကတော့ ဒီဆေးတွေက ဘာဆိုဘာမှ မရွေးဘဲ၊ ဘာတခုမှ ကြည့်မနေဘဲ၊ မျက်နှာမလိုက်ဘဲ၊ ဖျက်ဆီးပြစ်တယ်ဆိုတဲ့အချက်ဖြစ်တယ်။
• ကင်ဆာဆေးရွေးတဲ့အခါ ကင်ဆာအမျိုးအစားနဲ့ ပြန့်နေတဲ့သဘောသဘာဝကို ကြည့်ရွေးရတယ်။
• တချို့ဆေးတွေက (ဆဲလ်) အဆိုးတွေရဲ့ (ဒီအင်အေ) ကို တိုက်ရိုက်ဖျက်ဆီးတယ်။ တချို့ဆေးတွေက (ဆဲလ်) အဆိုး မျက်နှာပြင်မှာရှိတဲ့ အချက်ပြနေရာကို သက်ရောက်ပြီး (ဆဲလ်) အဆိုးတွေဆီကို သတင်းစကား ရောက်မလာစေအောင် လုပ်တယ်။
• ဆေးတွေရဲ့ အန္တရာယ်ကတော့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တယ်။ ဆေးကို ပါးစပ်ကနေသောက်သောက်၊ သွေးကြောထဲထိုးထိုး တကိုယ်လုံးကို သက်ရောက်တယ်။ ဆေးတချို့ကို၌က ကင်ဆာဖြစ်စေသေးတယ်။ ကင်ဆာ ဆရာဝန်တွေကိုယ်တိုင်က သူတို့မှာ ကင်ဆာဖြစ်လာရင် ၈ဝ% က (ခီမို) မယူချင်ကြဘူးတဲ့။
• ဒါမျိုးပေးရရင် လူနာရဲ့ အသည်းနဲ့ ခုခံမှုစနစ်ကနေ အဆိပ်အတောက်တွေကို တတ်နိုင်သလောက် ရှင်းပေးရတယ်။
• လူ့ကိုယ်မှာ အလျှင်အမြန်ပွားနေတဲ့ လက်သည်း၊ သွေး၊ အစာအိမ် နဲ့ ဆံပင်တို့ဟာ သက်ရောက်တာ ခံရတာ သိသာတယ်။
• ပျို့ချင်တာက တကယ်ဆိုးတယ်။ လူနာနုန်းချိသွားမယ်။ သွေးနီဥနည်းစေလို့ အောက်စီဂျင် သယ်ပို့ရာမှာ ထိခိုက်တယ်။ သွေးဖြူဥနည်းလို့ ခုခံစွမ်းနည်းပြန်တယ်။ ဆေးယူနေရင်း ၆ ပါတ်ကြာရင် လူနာ စိတ်ဓါတ်ကျလာနိုင်တယ်။ လူလည်း ပိန်ကျလာမယ်။
• ဆေးတွေက ထိရောက်တာတော့ မှန်တယ်။ ဒါပေမဲ့ အောင်မြင်မှုနှုန်း မတူဘူး။
• ဆေးသစ်တွေလဲ ဆက်ပေါ်နေပါတယ်။ ဥပမာ Biologics (Mono-clonal antibodies) ဆေးဖြစ်တယ်။ သတ်သတ် မှတ်မှတ် ပြစ်မှတ်ကိုဦးတည်တယ်။ လူတိုင်းကိုသက်ရောက်တာမတူပါ။ ဥပမာ HER-2 positive အမျိုးသမီး ၂ဝ% မှာသာ Herceptin ဆေးသက်ရောက်တယ်။
• ဘယ်လိုဘဲဖြစ်နေနေ သူ့ထက်ကောင်းတာ မရှိသေးသ၍ သုံးနေကြရတယ်။ အဆုံးအဖြတ်ဟာ လူနာ့လက်ထဲမှာ ရှိပါတယ်။

(ခီမို) အတွက် (၁၅) ချက်
၁။ (ခီမို) မယူခင် အကြောင်းစုံသိအောင်လုပ်ထားပါ။ ဆရာဝန်ကိုမေးပါ။ ဘယ်ဆေးလဲ၊ ဘယ်လောက်ကြာမလဲ၊ ဘာကို ဘယ်အထိ မျှော်လင့်နိုင်မလဲ။ ကင်ဆာအကျိတ် ပျောက်သွားမှာလား။ အကျိတ်သေးသွားမှာလား။ ပြန်ဖြစ်နိုင်သလား။ ဘယ်တော့လောက်လဲ။ ဘယ်လိုသတိထားစရာတွေ ရှိသလဲ။ ထိရောက်မှုကို ဘယ်လို တိုင်းတာမလဲ။ ဘေးထွက်-ဆိုးကျိုးတွေက ဘာတွေလဲ။ ကိုယ်အလေးချိန်ကျပြီး အားယုတ်လာရင် ဘာလုပ်မလဲ။ ဆေးကြောင့် ကလေးရနိုင်စွမ်းကို ထိခိုက်မလား။

၂။ ပြင်းတဲ့ဆေးအတွက် ကြိုတင်ပြင်ဆင်ထားပါ။ ဥပမာ Astragalus, Cat´s Claw, Turmeric (curcumin) နဲ့ Echinacea တွေသုံးရင် ကိုယ်ခံစွမ်းအား တိုးတက်စေနိုင်တယ်။ Natural Selection shop ဆိုတဲ့ အသိအမှတ်ပြု တိုင်းရင်းဆေးဆိုင်မှာ အသေအခြာ လေ့လာဝယ်ယူနိုင်တယ်။

၃။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအဟာရတွေ စားသုံးပါ။ ဆားလျှော့စားပါ။ ပိုဆက်စီယမ် ကြွယ်ဝတာ ပိုစားပေးပါ။ တိရစ္ဆာန်အဆီ ရှောင်ပါ။

၎။ တခြားဆေးကုသနည်းတွေကိုလဲ အားကိုနိုင်တယ်လို့ အကြံပြုတာလဲရှိတယ်။ အာဟာရကြွမ်းကျင်သူ၊ အသိအမှတ်ပြုခြင်းခံရတဲ့ တိုင်းရင်းဆေးဆရာ၊

၅။ ကင်ဆာဆေးယူနေတုံးမှာ ရေ တနေ့မှာ ၃ လီတာသောက်ပါ။ ပူဒီနံရွက်ပြုတ်ရည်၊ ချင်းပြုတ်ရည်တွေကိုလဲ သုံးစွဲနိုင်ပါတယ်။

၆။ အန်တာသက်သာစေအောင် ထမင်းကို တခါစား နည်းနည်းသာစားပါ။

၇။ နွားနို့၊ နို့ထွက်စာတွေ ရှောင်ပါ။

၈။ (အင်တီအောက်စီဒင့်) တွေ ကောင်းတယ်ဆိုတာ အားလုံးကတော့ သဘောမတူသေးပါ။ အသီးတွေနဲ့ ဟင်းသီး ဟင်းရွက်တွေကိုလဲ ဒါတွေနဲ့တွဲပြီး များများစားပါ။ Astragalus (အက်စထွာဂလပ်စ်)၊ ဗီတာမင် (ဒီ)၊ လဘက်ရည်စိမ်း (ကြမ်း) နဲ့ ဆေးဘက်ဝင်မှိုတွေက အကျိုးရှိစေတယ်လို့ ယူဆတယ်။ နနွင်းမှုံ့၊ ငါးကြီးဆီ၊ ချင်း (ဂျင်း) ကြက်သွန်ဖြူ နဲ့ တစောင်းလက်ပတ်တွေကလဲ ရောင်ရမ်းတာကို သက်သာစေမယ်။ ချောနေ ဖြူနေအောင် ချွတ်မထားတဲ့ အစေ့အဆံတွေ စားပေးပါ။

၉။ ဗီတာမင် (ကေ)၊ (ဘီ)၊ နဲ့ Multi-strain probiotic (ပရိုဘက်တစ်) တွေကလဲ သင့်တယ်။ Cat´s claw, Echinacea နဲ့ Cassie tea (Essiac) တွေကောင်းတယ်။ Pau D´arco, Oregano, သစ်ကြမ်းပိုးတွေက Yeasts (ရိစ်) ကို သက်သာစေမယ်။

၁ဝ။ Coriolus powder 4 grams တွေကို တနေ့ ၃ ကြိမ်သောက်ပါ။ MGN-3 ဆိုတာလည်း အတူတူကောင်းတယ်။ ဈေးကြီးတယ်။

၁၁။ သဘာဝတိုင်းရင်းဆေး Silybum marianum 200mgs နဲ့ Soya lecithin တွေကလည်း ကောင်းစေတာတွေ့တယ်။

၁၂။ ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ တိုးတက်အောင်ကြိုးစားပါ။ အနှိပ်ခံတာ Reflexology နည်းတွေလဲ လုပ်သင့်တယ်။ တရားထိုင်တာ၊ ယောဂ ကျင့်တာကလဲ အကျိုးပေးတယ်။ လမ်းလျှောက်ပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။

၁၃။ ဆေးတခါရပြီးတိုင်း တခါအားယုတ်မှာကို သိထားပါ။ အနားယူပါ။

၁၄။ အရက်ရှောင်ပါ။ ဆေးလိပ်မသောက်ပါနဲ့။

၁၅။ (ခီမို) ယူပြီးနောက်မှာ ဆားခါး နဲ့ သံလွင်ဆီသုံးပြီး အသည်းရှင်းတာလုပ်ပါ။ သိထားဘို့က ၆-၈ ပတ် နေမှသာ ဓါတုသက်ရောက်မှုတွေ ကင်းရှင်းမယ်။

ဆက်စပ်ဖတ်ရန်ဆေးပညာစာများ
Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း http://doctortintswe.blogspot.com/2015/02/breast-cancer-chemotherapy_21.html
Chemotherapy (ခီမို) အတွက် (၁၅) ချက် http://doctortintswe.blogspot.com/2015/12/chemotherapy.html
Chemotherapy and fertility in women ကင်ဆာဆေးနဲ့ ကိုယ်ဝန် http://doctortintswe.blogspot.com/2017/04/chemotherapy-and-fertility-in-women.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး