A gargle a day keeps Gonorrhoea away

(ဒီပို့စ်အတွက် ကန်တော့ပါ)

လိင်ကတဆင့်ကူးစက်တဲ့ ဂိုနိုးရီးယားရောဂါကို ပါးစပ်ဆေး ဆေးရည်သုံးတာနဲ့ ကာကွယ်နိုင်မယ်လို့ ကနေထွက် ဆေးသုတေသနသတင်းကဆိုလိုက်ပါတယ်။

ဂိုနိုးရီးယားရောဂါပိုးဟာ ကျားလိင်အင်္ဂါ၊ မလိင်အင်္ဂါတွေအပြင် လည်ချောင်းကထွက်တဲ့အရည်ထဲမှာနေနိုင်တယ်။ အဲဒီလမ်းကြောင်း သုံးခုလုံးကနေ ကူးစက်တယ်။ လိင်ဆက်ဆံရာမှာ ပါးစပ်သုံးလို့ လိင်ကတဆင့်ကူးစက်နိုင်တဲ့ပိုးတွေဟာ ပါးစပ် (ခံတွင်း) ထဲဝင်လာမယ်။ ရောဂါလက္ခဏာ မပြသေးပဲ ရင်ကြာကြာနေနိုင်ကြတယ်။ အဲဒီအချိန်မှာ ပါးစပ်သုံးနည်း လုပ်ရင် သူများကိုပါကူးစက်မယ်။

ပါမောက္ခ ခရစ်စတိုဖါ ဖဲယားလေးကနေ ခံတွင်းမှာ ဂိုနိုးရီးယားပိုးရှိနေကြတဲ့ ယောက်ျား ၅၈ ယောက်ကို လေ့လာမှု ပြုခဲ့တယ်။ Mouthwash theory ပါးစပ်ဆေးရည် သီအိုရီလို့ခေါ်တယ်။ လူဦးရေတဝက်ကို ဆားရေနဲ့သာပါးစပ်ဆေးစေပြီး ကျန်တဝက်ကို ဆိုင်တွေမှာ ဝယ်လို့ရနေတဲ့ Antiseptic mouthwash ပိုးသေဆေးပါ ခံတွင်းသန့်ဆေးရည်သုံးစေတယ်။ ဒုတိယအုပ်စုများ ပိုးတွေသိသိသာသာနည်းသွားတာတွေ့ရတယ်။

ဂိုနိုးရီးယားရောဂါပိုးရှိနေတဲ့ ယောက်ျား ၁ဝ ယောက်မှာ ၁ ယောက်နဲ့ မိန်းမ ၁ဝ ယောက်မှာ ၅ ယောက်သာ ရောဂါ လက္ခဏာ ခံစားရတယ်။ ဆီးလမ်းကနေ အဖြူ၊ ခပ်ဝါဝါအရည်ဆင်းမယ်။ ဆီးပူမယ်။ ဆီးအောင့်မယ်။

ဂိုနိုးရီးယားရောဂါဖြစ်တာ များလာနေတယ်။ အင်္ဂလန်မှာ ၂ဝ၁၂ ကနေ ၂ဝ၁၅ အထွင်း ၅၃% များလာတယ်။ သုံးနေကျဆေး Azithromycin ကိုယဉ်နေတဲ့ပိုးကို Super gonorrhea ဆူပါ ဂိုနိုးရီးယားလို့ခေါ်တယ်။ Ceftriaxone ဆေးနဲ့တော့ ရသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး