Alphabets ဗျည်းသရအက္ခရာ

ကျွန်တော်က သတ်ပုံမှားတာလေးတွေ ရေးပါတယ်။ ကနေ့တော့  ပုဂံငလျင်အပျက်အစီးသတင်းတွေမှာ ဗျည်းရေးတာပါ မှားနေကြတာတွေ့တယ်။ (ဌ) နဲ့ (ဠ) လွဲနေတယ်။ စူဠာမဏိလို့ရေးရတယ်။ စူဠာမုဏိလို့ရေးတာလည်း တွေ့ပါတယ်။

ဓါတ်ပုံ = ကျွန်တော့်သူငယ်ချင်း ဆရာဝန်တယောက်က မြန်မာပြည်ကနေ တကူးတကဝယ်လာပြီး၊ အိမ်အရောက် လာပေးတဲ့ လက်ဆောင် တီရှပ်။ ကျွန်တော်က အပြင်ထွက်ရင် တီရှပ်ဝတ်လေ့မရှိတာလေး ဟိုတနေ့ကတင် ရေးထားတယ်။ မနေ့ကတော့ အင်္ဂလိပ်စာသင်ကူနေတဲ့ကျောင်းကိုဝတ်သွားတာ ကျောင်းသူတယောက်က က၊ ခ၊ မေ့တတ်လို့ ရိုက်ထားမယ်တဲ့။

Dr. တင့်ဆွေ
၂၄-၈-၂ဝ၁၆
Photo by Grace T Deih Cing

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး