Classic songs မရိုးနိုင်တဲ့ သီချင်းများ

မုံရွာ TOP ကျောင်းမှာ သီချင်းဆိုပြိုင်ပွဲပို့စ်တွေ တွေ့ပါတယ်။

ကျွန်တော်တို့ ပြည်ပနိုင်ငံရေးလုပ်ကြသူတွေ တခါက ဖိလစ်ပိုင်ကိုသွားကြရတယ်။ ကွန်ဖရင့်အိမ်ရှင်က ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဟောင်း Raul Manglapus (ရာအူးလ် မင်္ဂလာပတ်စ်) ဖြစ်တယ်။ သူက တေးဂီတမှာလည်းဆရာကြီး။ ညစာမစားခင်မှာ ကိုယ်ပိုင် (အော်ခက်စထွာ) တီးဝိုင်းနဲ့ ဧည့်ခံတယ်။ ဧည့်သည်တွေထဲက တနိုင်ငံတယောက်ကျ သီချင်းဆိုဘို့ ဖိတ်ခေါ်တယ်။ ကျွန်တော်တို့ မြန်မာ့အရေးအတွက်သွားကြသူတွေက ၁ဝ-၁၅ ယောက်လောက်ရှိမယ်။ မြန်မာပြည် အလှည့်မခေါ်ခင် တယောက်ပြီးတယောက် ထွက်သွားကြရော။ ထွက်မကောင်းလို့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းရယ်၊ ကျွန်တော်ရယ်။ ပအိုဝ်အဖွဲ့က ဦးခွန်ဥက္ကာရယ်။ သုံးယောက်သာကျန်တယ်။ မြန်မာ့အဆိုတော်ကို ဖိတ်ခေါ်တော့ တယောက်ကိုတယောက် လက်တို့ကြတယ်။ တယောက်မှ သီချင်းဆိုတတ်သူကမပါ။ နောက်ဆုံးမှာ ခွန်ဥက္ကာက ကျွန်တော်တို့ စင်ပြိုင်အစိုးရကို ကယ်လိုက်ပါတယ်။ သူကပဲ စင်ပေါ်တက်ပြီး ပအိုဝ်ရိုးရာသီချင်းတပုဒ် (ဆိုလို) လုပ်ပါတယ်။ အခုထိ ကျေးဇူးတင်တယ်။

• နဂါးနီ၊ ရွှေညာဆီသွားမယ်၊
• စိမ်းမြလျှံခြယ်၊ အောင်ပင်လယ်၊

• မင်္ဂလာနံနက်ခင်း၊ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း၊
• အောင်ခြင်းရှစ်ပါး၊ မင်္ဂလာဆယ်နှစ်ပါး။
• ပြည်ထောင်စုသားများ ကျန်းမာချမ်းသာကြစေသား။

သုမောင် သီဆိုတဲ့ နဂါးနီ https://www.youtube.com/watch?v=OB3tsn-Uu9k

ဒေါက်တာတင့်ဆွေ
၁၈-၅-၂ဝ၁၄
နံနက် ဝဝ နာရီ၊ ၅၃ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး