Dregea volubilis leaves ခွေးတောက်ရွက်

ဒေလီမှာနေစဉ်က ရေးခဲ့ပါတယ်။ ကျွန်တော်နေတဲ့အရပ်မှာ ခွေးတောက်ပင်မရှိပါ။ အရင်နေခဲ့တဲ့နေရာတွေမှာလည်း ရှားတယ်။ ထိုင်းကိုသွားတိုင်း ၁၉၉ဝ ကယန်းလူမျိုးအမတ်ရဲ့ အိမ်ခြံစည်းရိုးက ခွေးတောက်ပင်မှာ အရွက်လှနေချိန်ဆိုရင် ခူးချက်စားဖြစ်တယ်။ တနှစ်မှာ ၂-၃ ခေါက် ရောက်ခဲ့ရတဲ့ ထိုင်းနိုင်ငံကို မသွားရတာကြာပြီမို့ ခွေးတောက်ခါးလည်း မစားရတာကြာပြီ။ ဒီကိုထွက်မလာခင် ပတ္တနားမြန်မာဘုန်းကြီးကျောင်းကနေ ခူးယူလာတဲ့ ဘုရားဖူးပြန်ကနေပေးတဲ့ လက်ဆောင်ရလို့ ခွေးတောက်ရွက်ချက်စားခဲ့ရပါတယ်။

ကနေ့တခါ ယူအက်စ်အေမှာ ကိုယ့်နိုင်ငံကလာနေသူတွေက ခင်းရောင်းတဲ့ဆီက ခွေးတောက်ရွက် နောက်ဆုံး ၂ ထုပ် ရလာတဲ့ သားတယောက်က တထုပ်လာပေးပါတယ်။

ရှားတဲ့ခွေးတောက်၊ ခါးတဲ့ခွေးတောက်ရွက်ပေါရာ မြန်မာပြည်ကိုသာ ထပ်ခါလွမ်းမိတော့တယ်။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး