Dress code အဝတ်အစားကပိုကရိုနဲ့

Khin Thida Wai Wai အကြောင်းအရာက အဓိကပါ။ စာလုံးပေါင်းကကိစ္စမရှိပါဘူး။ ကျန်းမာရေးဗဟုသုတတွေ အများကြီးရပါတယ်။ ကျေးဇူးပါ။

အဲလိုသဘောထားပေးတာ ကျွန်တော့်အတွက် နားလည်မှုပေးတာလို့ သဘောပေါက်ပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့ ခွင့်မလွှတ်စေချင်ပါ။ ယဉ်ကျေးစွာနဲ့ ပြုပြင်ပေးကြစေချင်တယ်။

ကိုယ်ရေးတဲ့စာမှာ သဒ္ဒါမှာ၊ သတ်ပုံလွဲနေရင် အဝတ်အစားကပိုကရိုနဲ့ လူကြားထဲ ထွက်မိသလို မနေတတ်ဖြစ်ပါတယ်။ စကားလုံးလေးတလုံးရေးရေး၊ ဝါကျတကြောင်းရေးရေး မှန်အောင်ကြိုးစားသင့်တယ်။

ကျွန်တော် စာရေးတိုင်းမှားတယ်။ လူမှုရေးကွန်ရက်နဲ့ ကိုယ်ပိုင်ဘလော့မှာဖြစ်လို့ ပေါ့ဆတာလည်းပါတယ်။ ပြန်စစ်ပါတယ်။ ပြင်သေးသူတွေကပြင်ပေးလာတိုင်း ချက်ချင်းပြင်လိုက်တယ်။ ကြယ်သီးပေါက်မှားတပ်ထားတာကို သူများပြောမှသာ သိသလိုပေါ့။ ကျွန်တော့်မှာ ပြင်ရတာ (၅) နေရာရှိတယ်။ ပြင်တာပဲ။

သူများတိုင်းပြည်အမျိုးမျိုးမှာနေရတော့ အသိတခုရတယ်။ မြက်ရိတ်တာ စနစ်တကျတတ်ထားမှ အာကာသယာဉ်ကို တည်ဆောက်နိုင်တယ်။ မြက်ရှင်းပြီးရောလုပ်ရင် လယ်တောယာတော ကန်သင်းအပြင်ကို  ထွက်ရမှာမဟုတ်ပါ။

နည်းပညာဆိုတာအရေးပါသလို စည်းစနစ်ကျတာလည်းလိုတယ်။ ဝိုင်းကြဝန်းကြစို့။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး