ပယောဂ

သမတများပို့စ်အောက်မှာ ဖတ်ရတယ်။ ကျွန်တော်တို့နိုင်ငံတော်ကို ဒီလိုအခြေအနေထိအောင်ဖြစ်စေခဲ့တာ၊ ထိုဦးဦးတို့ ပယောဂကြောင့်လည်း ပါမှာပေါ့နော်တဲ့။

ကျွန်တော်က ပယောဂဆရာတော့ မဟုတ်ပါ။ Smile!

ပါဠိ-မြန်မာအဘိဓါန်မှာ ပယောဂ = ယှဉ်ခြင်း၊ အားထုတ်ခြင်း၊ ဘာဝနာစီးဖြန်းခြင်း၊ တိုက်တွန်းခြင်းလုံ့လ၊ ဥဒါဟရုဏ်လို့ ပြန်ဆိုတာ ဖတ်ရတယ်။

ပြင်ပပယောဂလို့တွဲသုံးကြတာများလို့ အပြင်သဘောထင်နေကြတယ်။

ပယောဂဆရာလို့လည်းရှိတော့ အဆန်းအပြားတွေ၊ ကြောင်းကျိုးဆက်စပ်မှုကင်းတဲ့နည်းနာ သုံးတာကိုလားလို့ထင်မှတ်စေတယ်။

အများအားဖြင့် ဘေးကနေ၊ နောက်ကနေ လုပ်ဆောင်တာမှာ သုံးကြပြီး အများအားဖြင့် မလိုလားအပ်တာလို့ သဘောပိုက်ကြတယ်။

စာလုံးတလုံးကို မှတ်ယူထားတာကို ပြုပြင်ဘို့ ခက်တယ်။ ပယောဂလို့ပြောတိုင်း သူ့ကြောင့်၊ သူတို့ကြောင့် ဒီလိုဖြစ်ရလေခြင်းလို့ ထင်မှတ်ကြတယ်။ ဆရာဝန်တွေကလည်း ပယောဂနည်းကို လက်မခံကြပါ။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး