အိမ်သာယာ

အရပ်ထဲမှာ တကြော်ကြော်
အမေလျှောက်လို့အော်။

အကြော်စုံ ပူပူနွေး
ဝယ်ကြစမ်းပါလေး။

အဖေဦးထွေး ရပ်ထဲမှာ
ရေထမ်းရောင်းရပါ။

ပီပါတလုံး ရေဆယ့်နှစ်ပုံး
လောင်းထည့်သံက တရုံးရုံး။

အသုံးကျတဲ့မလေးခင်
ဟင်းသီးဟက်ရွက်သင်။

ဟင်းချိုအိုးတွင် ခပ်ကာထား
ထမင်းချက်ပြီးသား။

အိမ်သာယာဟု အများက
ခေါ်ဆိုချီးမွမ်းကြ။

၂၄-၆-၁၉၇၂ နေ့ထုတ် ရွှေသွေးဂျာနယ်မှ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး