မင်းတရား နှင့် မင်းတြား

အဲဒီပုံထဲက မင်းတြားနဲ့ မင်းတရား ဘယ်ဟာ အမှန်ဆိုတာ သိချင်လို့ပါဆရာ။

အရင်က တရားကို တြားလို့ ရေးခဲ့ကြတယ်။ ဆရာကို ဆြာလို့ရေးကြတယ်။

ရကောက်ကို ရရစ်နဲ့ ရေးတယ်။ ယပက်လက်ကို ယပင့်နဲ့ ရေးကြတယ်။

ပင့်ရစ်မနိုင် ရခိုင်မေးလို့ အဆိုရှိတယ်။ မြန်မာလို မြကို ရခိုင်တွေက မရသံထွက်တယ်။ မျကို အဲလိုမထွက်ပါ။ ဒါပေမယ့် အချုပ်အခြာမှာတော့ ရခိုင်နဲ့ မြန်မာ မတူတော့ပါ။ ရခိုင်လိုက အချုပ်အချာလို့ ရေးတယ်။

အဲတာကြောင့် မြန်မာစာမှာ ဖေါ်မြူလာနည်းနဲ့ သင်လို့ မရပါ။ မ နောက် ဘဲ လည်းလိုက်။ ပဲ လည်းလိုက်တယ်။ ရေတွက်လို့ရတိုင်း တစ်ဆိုတာ မမှန်။ ပင့်ရစ်မနိုင် ရခိုင်ကို အကုန်မေးမရပါ။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၈
၃၁-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး