Vertigo အမူးရောဂါ နှင့် မေးခွန်းဖတ်ရတဲ့ဆရာဝန် ခေါင်းမူးသွားခြင်း

သမီးအသက် ၂၃ထဲမှာပါ ၂၁နှစ်လောက်ကစဖြစ်တာပါ ခေါင်းတွေ ချာချာလည်နေအောင်မူးပါတယ် ညာဘက် တဘက်ထဲ မူးတာပါ ထိုင်နေထနေအကောင်းပါ လှဲလိုက်မှမူးတာပါရှင့် ကိုယ်ဝန်မဆောင်ခင်က ၂ခါဖြစ်ပါတယ် ပထမစဖြစ်တုံးက မူးပြီး အန်ပါတယ် နောက်တော့ သက်သာလာပြီး ခေါင်းမူးပါတယ် ညာဘက်ကို ရက် ၂၀လောက်ကျ ပျောက်သွားပါတယ် နောက်တနှစ်ကျ တခါဖြစ်ပါတယ် ပထမတုံးကလိုတော့ မကြာပါဖူး ၁ပတ်လောက်နဲ့ ပျောက်ပါတယ် ၂၀၁၈ မှာ ၇လပိုင်း ကိုယ်ဝန်ဆောင်ပါတယ် ကိုယ်ဝန် ၆လမှာထပ်ဖြစ်ပါတယ် ပျောက်လိုက်ဖြစ်လိုက်နဲ့ပါ အခု ၂၀၁၉ မွေးပြီး ၁လအတွင်းမှာ ထပ်ဖြစ်ပါတယ် ပျောက်လိုက်ဖြစ်လိုက်ပါပဲဆေးခန်းပြလဲမသက်သာပါဖူးရှင့် အခုဆိုညာဘက်စောင်းရင် မူးပါတယ် ညာဘက်နားကလဲ အမြဲအူ လေတေထွက်ဖြစ်နေပါတယ် အဲ့တာဘာဖြစ်လို့လဲရှင့် ဆေးခန်းပြတာတော့ ကျီးပေါင်း ဖြစ်ချင်နေတာလို့ ပြောပါတယ်

ကျီးပေါင်း မဟုတ်နိုင်။ Meclizine 25 mg PO 8-12 hourly သောက်ဆေးကို မူးတဲ့ရက်တွေမှာ တနေ့ ၃ ကြိမ်သောက်။ သက်သာလာရင် ၂ ကြိမ်၊ ၁ ကြိမ်နဲ့ ပျောက်ရင် မလိုတော့။

Dizziness အမူးရောဂါ https://doctortintswe.blogspot.com/2015/06/dizziness.html
Acute Periphreral Vertigo အမူးရောဂါ http://doctortintswe.blogspot.com/2015/08/acute-periphreral-vertigo.html
BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://doctortintswe.blogspot.com/2015/05/bppv.html
PPPD ခေါင်းမူးရောဂါတမျိုး http://doctortintswe.blogspot.com/2017/05/pppd.html
Vertigo အမူးရောဂါ http://doctortintswe.blogspot.com/2015/02/vertigo.html

စဖစ်တာ ၆ လုံးကို ပြင်လိုက်ရတယ်။
တခါဖစ်ပါတယ် ကို ပြင်လိုက်ရတယ်။
ထပ်ဖစ်ပါတယ် ၂ လုံးကို ပြင်လိုက်ရတယ်။
ပျောက်လိုက်ဖစ်လိုက် ၂ လုံးကို ပြင်လိုက်ရတယ်။
မွေးပီးကို ပြင်လိုက်ရတယ်။
လေတေထွက်ဖစ်နေပါတယ်ကို ပြင်လိုက်ရတယ်။
အဲ့တာဘာဖစ်လို့လဲကို ပြင်လိုက်ရတယ်။

ဖစ်ဆိုတာ ဦးဖစ် ဒေါ်ဖစ် ဖစ်လမ်းလို့သာရှိတယ်။ တေဆိုတာ လူပေလူတေ၊ ပေပေတေတေနဲ့ ဗမာတေဆေးလို့သာ ရှိတယ်။ သတ်ပုံအမှားများတဲ့မေးခွန်းမျိုးဖတ်ရတာ ခေါင်းမူးတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး