Skip to main content
Pregnancy Ultrasound Result ကိုယ်ဝန်ဆောင် အာထွာဆောင်းအဖြေဖတ်ခြင်း
၁။ တတိယမြောက်ကိုယ်ဝန် ၆ ပတ်ရှိပါပြီ နှလုံးမခုန်သေးဘူးလို့ပြောပါတယ် နောက်ကျတာမျိုးရော ဖြစ်တတ်ပါသလားဆရာ ပထမနှစ်ခါကလည်း misscarriage ဖြစ်ခဲ့တော့ စိုးရိမ်လို့ပါဆရာ
Heartbeat ခေါ် ကလေးနှလုံးခုန်နေတာကို ၆ ပတ်ကစပြီးမြင်ရမယ်။ ၇ ပတ်မှပိုရှင်းလင်းတယ်။ အဲတာဆိုရင် ၉၅% ဟာ ကိုယ်ဝန်ဆက်ရှင်သန်မယ်လို့ ခန့်မှန်းနိုင်ပြီ။
ပါပီ ခေါ် ခွေးကလေးသတ်ပုံကိုပြင်လိုက်တယ်။ ဆောရီး။
၂။ ဆရာရှင့် ကျမ အသက် ၂၆ အိမ်ထောင်သက် ၁နှစ် သားဦးကိုယ်ဝန်လေးကို ၃လနဲ့ ၅ရက်မှာ နှလုံးခုန်ရပ်လို့ ခြစ်ခဲ့ရပါတယ် ၄လအကြာ အခုကိုယ်ဝန်ကိုရပါတယ် ကိုယ်ဝန်ကတော့ ၆ ပတ်နဲ့ ၅ရက်ရှိပါပြီရှင့် ultrasound ရိုက်တာ ရိုက်တဲ့ဆရာကတော့ ကလေးတွေ့တယ် နေရာမှန်တယ် နှလုံးမခုန်သေးဘူး ပြောပါတယ်ရှင့် OG ကတော့ ကလေး မတွေ့သေး နှလုံးမခုန်သေးလို့ ပြောပါတယ်ရှင့် ထပ်လည်း မမေးရဲ နားလည်း မလည် စိတ်လည်း ပူနေတာမို့ ultrasound လေး ဖတ်ကြည့်ပေးဖို့ အကူအညီတောင်းရတာပါရှင်
ထပ်စစ်ရမယ်။ ပုံမှန်ကိုယ်ဝန်လို့ ပြောမရသေး။ ဆောရီး။
မျိုးဥနဲ့ သုက်ပိုးပေါင်းစပ်ပြီး ၆-၇ ရက်မှာ သားအိမ်အတွင်းဆုံးအလွှာမှာ တွယ်ကပ်ရင် သန္ဓေတည်ပြီလို့ ပြောနိုင်တယ်။ အာထွာဆောင်းရိုက်ရင် တဆင့်ပြီး တဆင့်ပေါ်တယ်။ ကိုယ်ဝန်သက် ၆ ပတ်ကစပြီး ကလေးနှလုံးလှုပ်ရှားမှုကို အာထွာဆောင်းနဲ့ သိနိုင်တယ်။ အစောဆုံး ၄ ပတ်နဲ့လည်း သိနိုင်တာရှိတယ်။ ၆ ပတ်ခွဲထက် နောက်မကျ။
Gestational sac ခေါ် အိတ်ကလေးကို ၄ ပတ်ခွဲကစပြီး မြင်ရမယ်။
Yolk sac ခေါ် အိတ်ကလေးကို ၅ ပတ်ကစမြင်ရမယ်။
Embryo ခေါ် သန္ဓေသားကို ၅ ပတ်ခွဲမှာ စမြင်ရမယ်။
Heartbeat ခေါ် ကလေးနှလုံးခုန်နေတာကို ၆ ပတ်ကစပြီးမြင်ရမယ်။ ၇ ပတ်မှပိုရှင်းလင်းတယ်။ အဲတာဆိုရင် ၉၅% ဟာ ကိုယ်ဝန်ဆက်ရှင်သန်မယ်လို့ ခန့်မှန်းနိုင်ပြီ။
Fetal heart rate ခေါ် ကလေးနှလုံးခုန်နှုန်းက ပြောင်းလဲနေတယ်။ ၆ ပတ်မှာ 90-110 bpm နဲ့ ၉ ပတ်မှာ 140-170 bpm ရှိတယ်။ နည်းလွန်းရင် ပျက်နိုင်တယ်။
Fetal body measurements ခေါ် ကလေးခန္ဓာကိုယ်အတိုင်းအတာနဲ့လည်း သက်တမ်းမှန်းနိုင်တယ်။
၁။ Crown-rump length (CRL) အတိုင်းအတာကို ၇-၁၃ ပတ်မှာလုပ်နိုင်ပြီ။
၂။ Biparietal diameter (BPD) အတိုင်းအတာကို ၁၃ ပတ်မှာလုပ်နိုင်ပြီ။ 2.4 cm ရှိမယ်။ နေ့စေ့လစေ့ဆိုရင် 9.5 cm ရှိမယ်။
၃။ Femur length (FL) အတိုင်းအတာက ၁၄ ပတ်မှာ 1.5 cm ရှိပြီး နေ့စေ့လစေ့မှာ 7.8 cm ရှိမယ်။
၎။ Abdominal circumference (AC) ကို လရင့်မှသာ လုပ်တယ်။ ကလေးထွား မထွားသိစေမယ်။ ဥပမာ BPD 9.0 cm နဲ့ AC 30.0 cm ရှိတဲ့ကလေး ကိုယ်အလေးချိန် 2.85 kg ရှိနိုင်တယ်။
အာထွာဆောင်းအဖြေဖတ်ရာမှာ သတိထားစရာတွေရှိတယ်။ အမျိုးသမီးတိုင်းက ရာသီလလယ်ရက်ဖြစ်တဲ့ ၁၄ ရက်မှာ မျိုးဥထွက်ကြတာ မဟုတ်ပါ။ အဲတာကြောင့် အဖြေကို ၇-၁၀ ရက်ကွာပြီးတွက်ရတယ်။
ဒေါက်တာတင့်ဆွေ
Comments
Popular posts from this blog
Insomnia အိပ်မရခြင်း
၁။ အသက် ၅၅ နှစ် အမျိုးသမီးပါဆရာ။ ညဘက်ကို နှစ်နာရီ နောက်ပိုင်းလောက်မှ စအိပ်ဖြစ်တာ ခုဆို ဆယ်နှစ် ကျော်ပါပြီဆရာ။ လွန်ခဲ့တဲ့ တပါတ်လောက်က နေ့ခင်းဘက် မူးလဲလို့ပါဆရာ။ အဲလို ညဘက်နောက်ကျမှ အိပ်တာ အလေ့အကျင့်လား ရောဂါတခုလားဆရာ။ စောအိပ်ဖို့ပြောတာလဲမရလို့ ဘယ်လိုပြုပြင်ပေးလို့ ရနိုင်မလဲ သိချင်ပါတယ်ဆရာ။
၂။ ဆရာခင်ဗျား ဆရာ့ရဲ့ဆေးပညာဆောင်းပါးများကို ကျွန်တော် အစဉ်တစိုက်ဖတ်ရှုခဲ့သလို အရမ်းလည်း နှစ်သက် လေးစားမိပါတယ်။ အခုလည်း ကျွန်တော်အပါအ၀င် ယနေ့ခေတ်လူငယ်တွေခံစားနေရတဲ့ အအိပ်ပျက်ရောဂါ insomania အကြောင်းလေး ရေးပေးပါခင်ဗျား။
အိပ်မပျော်တဲ့ရောဂါဆိုတာ ကျန်းမာရေးကြောင့်နဲ့ စိတ်ပိုင်းကြောင့် ဖြစ်စေနိုင်တယ်။ အိပ်တဲ့စနစ်လိုတာလည်းရှိတယ်။ ဆေးသုတေသနဆရာဝန်တွေက ဦးနှောက်ကိုပါလေ့လာကြတယ်။ လူတိုင်းမှာ အိပ်ချိန်နဲ့ နိုးနေချိန် အလှည့်ကျရှိတယ်။ တခုဖြစ်နေစဉ် ကျန်တခုက မဖြစ်ပါ။ တမျိုးမျိုးမှာ လွန်ကဲနေခြင်းကနေ ကျန်တခုကိုပါသက်ရောက်စေတယ်။
Medical Causes of Insomnia ကျန်းမာရေးအကြောင်းခံ
အမျိုးမျိုးရှိတယ်။ သာမန်လောက်ကနေ ဆိုးတာအထိရှိတယ်။ တချို့ကျန်းမာရေးအကြောင်းခံတွေ သူ့ကိုယ်၌ကနေ အိပ်မရတာဖြစ်စေပြီး၊ တချို့တော့ ကျန်မာရေးကြောင့် အနေရအထ…
Anal itching စအိုနေရာယားခြင်း
၁။ အသက်က ၂၅ ပါ။ မိန်းကလေးပါ အပျိုပါ။ မေးရမှာတော့ရှက်တယ် ဆေးခန်းလဲမသွားရဲလို့ပါ။ စအိုဝက အရမ်းယားလို့ပါ။ ကုတ်မိလို့ နည်းနည်းတောင် အနာဖြစ်ချင်နေပြီဆရာ။ ဘယ်လိုလုပ်ရမှန်းလဲ မသိလို့ ကူညီပေးပါဆရာ။
၂။ နားနှင့်မနာ ဖဝါးနှင့်နာပါရှင့်။ သမီးက အသက် (၂၈) နှစ် အပျိုပါ။ စအိုတ၀ိုက်မှာ ယားယံနေသည်မှာ နှစ်လကျော်လောက် ရှိပါပြီ။ သံချဆေး Albandazone 400mg ကို နှစ်ပတ်ခြားတစ်ခါ သုံးကြိမ် သောက်ပြီးပါပြီ။ ဒါပေမယ့် စအိုပတ်လည်တင်မကဘဲ မိန်းမအင်္ဂါ ဘေးနှစ်ဘက်နှင့် အပြင်လမ်းကြောင်းမှာပါ ယားယံနေပါတယ်။ နေ့ရောညပါ ယားနေတာပါ။ အရင် ယားနေတာ အဖြူမဆင်းပါဘူး။ အခု အဖြူဆင်းတာ နှစ်ရက်ရှိပါပြီ။
ဆေးပညာစာဖြစ်လို့ ရောဂါတွေကို စုံအောင်ရေးရတယ်။ အလွယ်ဆုံးနည်းကတော့ သန်ချဆေးသောက်တာနဲ့ စသင့်တယ်။ စအိုနေရာယားခြင်းကို ဆေးစာနဲ့ Pruritus Ani လို့ခေါ်တယ်။ ဖြစ်စေတဲ့ အကြောင်းရင်းတွေမှာ သာမန်ကာ ရှန်ကာ ဥပမာ အစားအသောက်၊ သန့်ရှင်းမှုလိုတာမျိုးတွေပါသလို ဆေးကျကျနနကုမှ ပျောက်မှာလဲပါတယ်။ အရေပြား ခြောက်သွေ့နေခြင်း၊ အရေပြားစိုထိုင်းမှု များနေခြင်း၊ ဝမ်းမလုံရောဂါ၊ ဝမ်းနုတ်ဆေး လိုတာထက်ပိုသောက်ခြင်း၊ ဆေးကြောတာကို လိုတာထက်ပိုလုပ်ခြင်း၊ ဆပ်ပြာ၊ သန့်ရှင်းရေးသုံးဆေးရ…
Bad breath ခံတွင်းနံ့ မကောင်းရင်
၁။ အသက် ၂၁၊ မ။ ခံတွင်းအနံ့မကောင်းခြင်း ကော်ဖီ၊ လက်ဘက်ရည်မသောက်ပါ။ ရေသောက်နည်းသည်။ သွားမှန်မှန်တိုက်သည်။ စကားမပြောချိန်ကြာလျှင် ခံတွင်းအနံ့ဆိုးခြင်းပိုဆိုးရွားကြောင်း သတိထားမိပါသည်။ ဖြစ်ချိန် သုံးလ။ ဘာကြောင့် ထိုသို့ဖြစ်ရပါသလဲနှင့် အနံ့ဆိုးပျောက်စေရန် မည်သို့ပြုလုပ်ရမည်ဖြစ်ကြောင်း သိလိုပါသည်။ ဖြေကြားပေးစေလိုပါသည်ရှင့်။
၃။ မင်္ဂလာပါဆရာ။ ကျွန်တော်၏သား ၁၆ နှစ်ရှိပါပြီ။ သူ့မှာ အသက်ရူထုတ်လိုက်သည့်အခါ ထွက်လာသည့် လေတွင် ဆိုးဝါးသည့်အနံတစ်ခု ထွက်ထွက်လာပါသည်။ ငယ်ရွယ်သည့်အရွယ်က အနည်းငယ်သာ ထွက်ပါသည်။ …