Our Beloved Nation ကျွန်တော်တို့နိုင်ငံမှာ

ယခင်က
မြေဆီသြဇာ သယံဇာတ ပေါကြွယ်ဝ၏။
သဘာဝပေါက်ပင်တွေ စိမ်းစိုထူထပ်ခဲ့၏။
ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံခဲ့၏။

ယခု
သစ်တောကြီးတွေ ဖိုးသူတော်နဲ့ ကိုရင်ခေါင်းတွေလို ကတုံးဖြစ်ကုန်ကြ၏။
သဘာဝဓါတ်ငွေ့တွေ ဆေးပေါ့လိပ်မီးခိုးလို လေထဲရောက်ကုန်၏။
ကျောက်စိမ်းနဲ့ ပတ္တမြားတွေကို သူများတွေသာ ပေးစားစေပြီး အစိမ်းရောင်နဲ့ အနီရောင်သာ အားပြိုင်နေကြ၏။
မူးယစ်ဆေးပြားတွေ နှမ်းခင်းကြီးထဲက နှမ်းစေ့တွေလို ပေါများလာ၏။
လက်နက်ကိုင်အဖွဲ့တွေ ဖေ့စ်ဘွတ်သုံးသူလောက် များပြား၏။ လိုက်ခ် လုပ်သူတွေလည်း ဆတူများလှ၏။

ပုံ Dancehall: Old Faces on a New Scene
“If a reggae artist is gonna do a song about youths and guns and whatever, they’re gonna say, ‘Don’t take up the guns, it’s not good for you, whatever whatever. But if a dancehall artist is gonna do it, their gonna say: Don’t make mi take up mi gun, or I’ll shoot ya and kill ya.”

အနုပညာရှင်က လူငယ်တွေနဲ့ သေနတ်တွေအကြောင်း သီချင်းဆိုတဲ့အခါ သေနတ်ကို ဘာပဲဖြစ်နေနေ မကိုင်ပါနဲ့ အဲတာ မကောင်းဘူး တဲ့။ အနုပညာရှင်က သေနတ်ကိုင်ပြီဆိုရင်တော့ ငါ့ကို အကိုင်မခိုင်းနဲ့နော် ငါတကယ် ပစ်ထဲ့လိုက်မှာ တဲ့။ အနောက်အိန္ဒိယကျွန်းစု ဂျမေကာကဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး