ကျွန်တော်က ဆရာဝန်သာဖြစ်ပါတယ်

ဆရာရယ် မေးတဲ့သူတွေက ဆရာ့လို ပညာရှိမဟုတ်တော့ သူတို့စိတ်ထဲရှိတဲ့အတိုင်းမေးတာ နားလည်မှုလေးပေးပြီး ဖြေကြားပေးရင်တော့ အထူးကျေးဇူးတင်ကြမှာပါ ဆရာလုပ်ခြင်း မဟုတ်ရပါ ကျေးဇူးတင်ပါတယ်ခင်္ဗျာ

ရမ်းကုဆရာတွေနဲ့ ဖေ့စ်ဘွတ်ပေါ်က ရောဂါစုံအထူးကုတွေကသာ အသက် ကျား မ ကလေးလူကြီး မသိတာကို ဖြေကြတယ်။

ဆရာဝန်ဆိုတာ ကိုယ်ဖြေတာ ကုသတာတိုင်းကို တာဝန်ယူရတယ်။

ယောက်ျား မိန်းမ မသိတာကို ဆေးပေးရင်လွဲနိုင်တယ်။

ကိုယ်ဝန်ရှိနေတာ မသိပဲဆေးပေးရင် မိခင်လောင်းရော အထဲကကလေးပါ တခုခုဖြစ်စေနိုင်တယ်။

ကလေးကို လူကြီးလိုဆေးပေးရင် စဉ်းစားသာကြည့်ပေတော့။

အခုလိုပြန်ပြန်ပြောရတာမျိုး မကြာခဏလာတယ်။ ကျွန်တော်က ပညာရှိတော့ မဟုတ်။ ဆရာဝန်သာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး