Myths About Hepatitis C အသဲရောင် စီ အထင်မှားနေသည်များ

အသဲရောင် စီပိုးကူးစက်ခံရပြီဆိုရင် တန်းသိမယ်ထင်တာ မမှန်ပါ။ ရာနှုန်းနည်းနည်းလောက်သာ ပိုးဝင်ခံရသလား သံသယရှိကြတယ်။ စစ်ဆေးတော့ ထင်တာဟုတ်နေတယ်။ ခံစားရတာတွေကလည်း တုပ်ကွေးမိသလို။ ကိုယ်ပူမယ်။ အားယုတ်နေမယ်။ အန်မယ်။ ဆီးအရောင်ရင့်မယ်။ ဗိုက်အနေရခက်တယ်။ အမျိားအားဖြင့် နှစ်ကြာမှသာသိလာကြတယ်။ တချို့ဆိုရင် အဲခြောက်မှ၊ ကျောက်ကပ်မကောင်းမှသာ သိလာကြတယ်။

၂။ အသဲရောင်စီပိုးကူးစက်ခံရရင် ကုမရတော့ဘူးတင်တာ မှားတယ်။
ကုသနေပေါ်လာတာမကြာသေးပါ။ ဆေးအသစ်ကနေ ၉၀% ကို ၁၂ ပတ်နဲ့ပျောက်နိုင်ကြတယ်။ အရင်ဆေးတွေလောက် ဘေးထွက်သက်ရောက်မှုတွေက မဆိုးပါ။

၃။ စီပိုးကာကွယ်ဆေးရှိပြီထင်တာ မမှန်ပါ။
အသဲရောင် အေ နဲ့ ဘီအတွက်သာ ကာကွယ်ဆေး ပေါ်သေးတယ်။

၎။ လိင်ကတဆင့်သူကူးစက်မယ်ထင်တာ မမှန်ပါ။
လိင်ကတဆင့်လည်းကူးစက်နိုင်ပေမဲ့ အခွင့်အလမ်း မများပါ။ သွေးကတဆင့်ကူးစက်မှု များတယ်

၅။ သာမန် ထိတွေ ကိုင်တွယ် ဆက်ဆံတာနဲ့ ကူးမယ်ထင်တာ မှားတယ်။
ရင်ချင်းအပ်တာ၊ လက်ဆွဲနှုတ်ဆက်တာ၊ ထမင်းအတူစားတာတွေကနေ မကူးစက်ပါ။ တအိမ်တည်းအတူနေတိုင်းလည်း သွေးမဝင်မသူကို မကူးပါ။

၆။ အသဲရောင်စီပိုး အလိုလိုပျောက်မယ်ထင်တာ မမှန်ပါ။
၁၅% ကနေ ၂၅% လောက်ကသာ အလိုလိုပျောက်တယ်။ ကျန်တဲ့သူတွေက နာတာရှည်အသည်းရောင်ရောဂါ ရတယ်။ ၆၀% ကနေ ၇၀% တို့ဟာ နာတာရှည်အသဲရောင်ရောဂါဖြစ်မယ်။ ၅% ကနေ ၂၀% တို့က အသဲခြောက်မယ်။ ၁% ကနေ ၅% တို့ကတော့ အသဲရောဂါတမျိုးမျိုးနဲ့ သေဆုံးတယ်။ ဆောရီး။

၇။ စီပိုးဟာ အသဲကိုသာရောဂါရစေမယ်ထင်တာ မှားတယ်။

အသဲကိုအဓိကရောဂါရစေတာမှန်ပေမဲ့ တချို့မှာ လေးဘက်နာလိုလို ရူမက်တစ်အဆစ်နာဖြစ်တယ်။ တချို့က ဆီးချို၊ နန်းဟော့ခ်ျကင်း လင်ဖိုးမား၊ အရေပြားပြဿနာတွေရကြတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး