ဝါးလုံးခေါင်းထဲ လသာ

လေးစားပါတယ် ဆရာ။ ပြည်ပမှာ နှစ် ၃၀ ခန့် နေထိုင်သူက ပြည်တွင်းက မြန်မာစာကို ပြင်ပေးရတယ်ဆိုတော့။

အဝေးကပင် မြင်နိုင်ပါသည်။ Smile!

ကျွန်တော်က ပြည်ပထွက်နေရတော့ ပြည်တွင်းထုတ်စာအုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပါတယ်။ နဝတ-နအဖ စစ်အစိုးရ လက်ထက်မှာ အတွင်း-အပြင် ဆက်သွယ်လို့မရ။ သာရေးနာရေးတောင် ရေးမရ၊ ပြောမရ။ သိသွားရင်ထောင်ကျမယ်။ ကျွန်တော့်အမေဆုံးတာ လေးလနေမှသာသိခွင့်ရတယ်။

တဖြည်ဖြည်းနဲ့ မဂ္ဂဇင်းတွေ မှာလို့ရလာတယ်။ ဝမ်းသာပေမဲ့ မျက်လုံးပြူးစေတယ်။ သတ်ပုံတွေကို ပြင်ရေးထားတယ်။ ဟိုအရင်ကစာအုပ်တွေ ပြန်ထုတ်တယ်။ တထောင့်တညကို တစ်ထားတယ်။ ဒါးကို ဓါးလုပ်ထားတယ်။ တရာက (တစ်) ရာတဲ့။ ပျက်ကုန်ပြီလို့ သိလိုက်တယ်။

တခါတလေမှာ အပြင်ထွက်ကြည့်မှ သိတာမျိုးရှိတတ်တယ်။ ဒါကြောင့် စက်ဝိုင်းအပြင် သေတ္တာအပြင် ထွက်ကြည့်ပါလို့ ပြောကြတာ။

သူများအိမ်ခေါင်းမိုးသာ မြင်ပြီး၊ ကိုယ့်တံစက်မြိတ်ကို မမြင်သူမျိုးရှိတယ်။ ဝါးလုံးခေါင်းထဲ လသာဆိုတာလည်း ဆိုစကားတခုရှိတယ်။

မြန်မာစာ အချုပ်အနှောင်လွတ်ပြီးသကာလ ကောင်းကင်ကြီးမှာ သာနိုင်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး