ဖေါင့် နှင့် ဖွန့် ပါဌ် နှင့် ပက်

ယူနီကုဒ်အကြောင်း ရေးနေကြတယ်။ မနေ့က တယောက်က ရေးပါတယ်။ ဆရာက ဒုက္ခ၊ ကျန်တဲ့သူအားလုံးက သုခပါ။ ဘာကြောင့်ဆို ဆရာလိုချင်တဲ့ သတ်ပုံအမှန်တွေ သဒ္ဒါအသုံးအမှန်တွေ Digitalize ပြင်ဆင်ဖြည့်စွက် သိမ်းဆည်းပုံကအစ စနစ်တကျ ဖြစ်တော့မှာလို့ပါ တဲ့။

ယောက်ျားကို ယောင်္ကျားလို့သာ ယူနီကုဒ်မှာပါတတ်လို့ တယောက်ကပြောတယ်။ အဲလိုရေးရင် ယောင်ကျား။

အခုပဲ ဖတ်ရတယ်။ Font ကို ဖွန့် လို့ ရေးထားတယ်။ ဖေါင့် ကသာ နီးစပ်တယ်။

ပက်ဆင့် လို့ ရေးထားတယ်။ ပက် ဆိုတာ အရက် တပက်၊ နှစ်ပက် မှာသာရေးတယ်။ ပါဌ်ဆင့် လို့သာ ရေးရတယ်။

ပါဌ်
ပါဌ်ဆင့်
ပါဌ်လျောက်
ပါဌ်သား

ပက်
တပက် နှစ်ပက်
ပက္ခဒိန် (ပြက္ခဒိန်)
ပက္ကလာ (မိုးကာကွယ်ရန်အသုံးအဆောင်)
ပက်ကား = ညွှန်အိုင်
ပက်ကျိ
ပက်ခွန့် (လှေ)
ပက်စက်သည်
ပက်ပင်းတိုးသည်း
ပက်ပည် = ရင်ဆိုင်တည့်တည့်
ပက်ဖျန်းသည်
ပက်ပြဲ
ပက်လက်လန်
မှောက်ခုံပက်လက်

ဒေါက်တာတင့်ဆွေ
၂၅-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး