မြန်မာစာကို မှန်အောင်မရေးကြသူများကို မြန်မာလူမျိုးဟုခေါ်သည်

(ကန်တော့)

၁။ Hi မေးစရာလေးရှိလို့ပါဆရာ မိန်းမကိုယ်ယားတာဘာလို့ကုသရမလဲ ဆရာဝန်ဆီမသွားပဲဘယ်လိုကုရမလဲ အတူနေမိရင်ကော ဘာအကျိုးဆက်ရှိမလဲ

မေးနည်း ပို့လိုက်တယ်။

ဟု sorry အမ်ဘယ်လိုပြောရမလဲ ဟု ပြောပြပေးပါ မိန်းမကိုယ်ယားတာဆေးခန်းမသွားပဲသက်သာချင်လို

မေးနည်း ပို့ထား။ အသက် မသိ။ အိမ်ထောင်ရေး မသိ။ မပြောလည်းရ။ မေးနည်းပါဘလော့မှာ ဖတ်လိုက ဖတ်နိုင်။ အတူနေလို့ရေးခဲ့တာဖတ်ရ။ လိင်ကတဆင့်ကူးစက်ရောဂါကို ထည့်စဉ်းစားရပါမယ်။ အဲတာတွေလည်း ဘလော့မှာ ရှိတယ်။

ဟု မဟုတ်။ ဟုတ်လို့ ရေးရတယ်။ ဥပမာ မောင်ဘဟု ခေါ်သည်။

၂။ ဟုခဲ့ရှင့် နောက်ထပ်ဆေးကို 6 လမှ တိုက်ရမယ်ဟုလားဆရာ

ဟု မဟုတ်။ ဟုခဲ့ မဟုတ်။ ဟုတ်ကဲ့လို့ရေးရ။ ဥပမာ သီလခံယူ ဆောက်တည်နေသူကို ဥပုသ်သည်ဟုခေါ်သည်။

၃။ ဟုပ်ကဲ့ပါဆရာ ယောက်ျားလေးပါ အသက် ၃၁ ပါ

ဟုတ်လို့ ရေးသင့်။

၎။ ဟုပ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ်။

ဟုတ်လို့ ရေးသင့်။

ဟုတ်
တမုဟုတ်ခြင်း
မုံတိုင်းတဟုပ်၊ ဝဲကစုပ်သော်
မဟုတ်ပါ
မီးတဟုတ်ဟုတ်
ပြဟုပ်
လင်းဟုပ်ငှက်
ဟုတ် = ယုတ္ထာ = ဟုတ်မှန်သောသဘော၊ ဟုတ်မှန်သည်
ဟုတ်ကနဲ
ဟုတ်ကဲ့
ဟုတ်တိပတ်တိ
ဟုတ်တိုင်းမှန်ရာ
ဟုတ်ပါစ
ဟုတ်မှန်သည်
ဟုတ်ရာမှန်ရာ
ဟုတ်သည်
ဟုတ်ဟုတ်ညားညား
ဟုတ်ဟုတ်ညားညား
ဟုတ်လေမတ္တ = ဟုတ်လေးတမတ် = မခန့်မငြား မရိုမသေပြုသည်

ဟုပ်
ဟုပ်ခနဲ
ဟုပ်စား = ဟုပ်ပြင်း = လုယက်ဖျက်ဆီးသူ = သူခိုး ဓါးပြ
ဟုပ်တွန်း (လေ)
ဟုပ်ဟုပ် = အဆောတလျင်
ဟုပ်ဟုပ်မြည်သံ
ဟုပ်ပေရာ၏ (ဟုပေယျ)
အဟုတ်အဟတ်

ဟုတ်တိပတ်တိ ရွာမလိုလိုပါ မိုးတောင်ညိုမည်းလေသောအခါ။

မြန်မာစာကို မှန်အောင်မရေးကြသူများကို မြန်မာလူမျိုးဟုခေါ်သည်။

ဒေါက်တာတင့်ဆွေ
၁၇-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး