Bla Bla Bla ဘလာ ဘလာ ဘလာ

လူတွေ 3.1 k တောင်ဖတ်ပြီး ရှယ်နေကြလို့ စိတ်ပူလို့မေးတာပါ ဆရာ့အနေနဲ့ ကျမကိုမဖြေပဲ ဒီဆေးကို ဒီတိုင်းလျှောက်သောက်မနေဖို့ ဆရာ့ page ကနေရေးရင် လူတွေကို ကယ်တင်နိုင် မယ်ထင်လို့ပါ ကျေးဇူးပါ။

အရမ်းပျော်တာပဲ နှစ်လလောက်ခံစားခဲ့ရတဲ့ ဆင်တုပ်ကွေးကြောင့်နာကျင်ရတဲ့ဝေဒနာတွေပြေးပြီလေ အိပ်ရာထတာနဲ့ ကိုယ်နဲ့ဘဝတူ ခံစားနေရသူတွေကို ဝမ်းသာအားရ သတင်းပေးရသေးတယ် ဘလာ ဘလာ ဘလာ။

မတတ်နိုင်လောက်။ မြန်မာပြည်မှာ မဟုတ်တာ မှားတာ လွဲတာ လိမ်ညာတာဆိုရင် အလွန်သဘောကျပြီး ပွဲစားလို ရှယ်သူတွေ များတယ်။

ကယ်မရ ကုမရ ပြင်မရလောက်ပါ။ အဲတာ အစိုးရနဲ့ မဆိုင်။ စစ်တပ်တပ်နဲ့လည်း မဆိုင်။ ဒီမိုကရေစီနဲ့ မဆိုင်။ ငြိမ်းချမ်းရေးနဲ့ မဆိုင်။ တရုပ် ကုလားနဲ့ မဆိုင်။ အမေရိကန်ဆန်ရှင်နဲ့လည်း မဆိုင်။

လူတွေရဲ့ အခြေခံအကျဆုံး ဖြစ်နိုင်၏ မဖြစ်နိုင်၏ စဉ်းစားဆုံးဖြတ်နိုင်စွမ်းနဲ့ ဆိုင်တယ်။

ကျန်းမာရေးစံနစ်အဆင့် ၁၉၀ က တက်လမ်းမမြင်သေး။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃၀-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး