ငတုံးသာဖြစ်၏

ပို့စ်တခုဖတ်ရတယ်။ (စ) ဆေးကျောင်းသားဘဝက ခွဲစိတ် အထူးကုဆရာဝန်ကြီ့း့ ပြောခဲ့တဲ့ အဖိုးတန်စကားတခွန်းကို အခုထိမမေ့ပါ။ အလကားကုပေးတာ ဆရာဝန်ကောင်း အရည်အချင်းမဟုတ်ဘူး၊ ရောဂါပျောက်အောင်ကုပေးမှ ဆရာဝန်ကောင်းပါတဲ့။ အလကားကုပေးမှ ဆရာဝန်ကောင်းလို့ သတ်မှတ်ကြတဲ့ ငတုံးတွေများတဲ့ မြန်မာနိုင်ငံမှာတော့ ကောင်းအောင် ကုပေးချင်တဲ့ ဆရာဝန်တွေ မျက်နှာမလှ။ (ဆုံး)

ကျွန်တော်ကတော့ နယူးဒေလီမှာ ပိုက်ဆံမယူပဲကုပေးခဲ့တာ ၁၂ နှစ်ကြာတယ်။ အခုလည်း ဆေးကုတာမဟုတ်ပေမဲ့ မေးတာတွေကို အလကားဖြေပေးနေတယ်။ ကျွန်ုပ်သည်ကား ဆရာဝန်ကောင်းမဟုတ်။ ငတုံးသာဖြစ်၏။

ကောက်ချက်ဆွဲတာ လွဲတတ်တယ်။

ပုံ = ၂၄-၅-၂ဝ၁၂ နေ့ ယမုန်နာဆေးခန်း

ဒေါက်တာတင့်ဆွေ
၂ဝ-၈-၂ဝ၁၇
၂ဝ-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး