ဖားတုလို့ ခရုခုန်

ဆရာတော်တပါးက ရေးတင်ထားတယ်။ ဖားတုပြီး ခရုခုန် အိုင်ပျက်ရုံသာရှိမပေါ့ဟု ပြောကြပါသည်။ ဖားကိုတုပြီး ခရုခုန်နိုင်ပါ့မလား စဉ်းစားစရာ ဖြစ်သည်။ အရှင်ဘုရား ဖားတုပြီး ခရုခုန်လို့ ရသလားဘုရားလို့လျှေက်တာကို အကိုးအကားနဲ့ ရှင်းထားတယ်။

အမှန်ရှိထားခဲ့တဲ့ ဆိုရိုးစကားတွေ၊ စကားပုံတွေမှာ တန်ဖိုးရှိကြတယ်။ မနေ့က ပို့စ်တခုမှာ မပြီးခင် ဗမာမမြင်စေနဲ့လို့ ရေးတာ တယောက်က မြန်မာမြင်သွားပြီသဘောရေးလာလို့ လိုက်ခ် မလုပ်ပဲထားတာ ခဏနေတော့ ရေးတဲ့သူကိုယ်တိုင်က ဗမာလို့ ပြန်ပြင်သွားတယ် အဲတာကောင်းတယ်။ ကွန်ဂရက်ကျူလေးရှင်း။

မူရင်းစာချိုးတွေကို ထင်ရာပြင်ရေးကြတယ်။ တချို့က မှားရေးတာကို ရယ်စရာလုပ်တယ်လို့ ထင်ကြတယ်။ မဟုတ်ပါ တကယ်ကို အမှန်ကို မသိကြတာ။

ခရုမခုန်နိုင်လောက်ဆိုပြီး ဖားတုလို့ မျောက်ခုန်လို့သာလုပ်ကြရင်ဖြင့် ပြီးပါလေရော။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂၀၁၉

ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံသာရှိတော့မပေါ့

၁။ မူရင်းက ဖားတုလို့ခရုခုန် အိုင်ပွက်ရုံသာ ရှိတော့မပေါ့ မဟုတ်လားဆရာ။ ခရုခုန်တာ ရေပွက်လေးထရုံပဲ ရှိတဲ့သဘောပေါ့။ အိုင်ပျက်တယ်ဆိုရင် ခရုကစွမ်းအားပိုကြီးတယ်လို့ ထင်သွားနိုင်ပါတယ်။

၂။ ကျနော်ဖတ်ဖူးတဲ့စာမှာ အိုင်ပျက်တာ  ငါးပွက်တယ်ထင်ပြီး ငါးပက်သောကြောင့်ဟုသိရ နောက်ဆက်တွဲ အကျိုးဆက်တွေ

ဖားတုလို့ ခရုခုန်ကို ခွေးလေးခုန်လို့ ဖုန်မထစကားနဲ့ တွဲပြောလေ့ရှိကြတယ်။ ငါးတုလို့ ခရုပွက် အိုင်သာပျက် စကားနဲ့လည်း တွဲကြတယ်။

ဖား၊ ငါး၊ ခရုတို့ဟာ ရေရှိရာအရပ်မှာနေကြတယ်။ ဖားကတော့ ဘယ်ကိုသွားသွား အမြဲတန်း ခုန်သွားလေ့ရှိတယ်။ ငါးက ပွက်တယ်။ အဲတာမျိုးကို အားကျပြီး ဖားတို့ ငါးတို့လိုအစွမ်းမရှိတဲ့ ခရုဟာ အတုလိုက်ခိုးရင် မဖြစ်မြောက်နိုင်တာသာမက သူနေရတဲ့ရေအိုင်လေးသာ ပျက်စီးရတယ်လို့ ဆိုလိုတယ်။

လူဆိုတာ ကိုယ့်အစွမ်းနဲ့ ကိုယ့်နေရာကို သိကြရတယ်။ တုသင့်မှ တုပရတယ်။ မသင့်မှန်တာလုပ်ရင် အကျိုးပျက်စီးစေနိုင်တယ်။ လူကဲ့ရဲ့တာ ခံရမယ်။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ